BBC navigation

ရုရှ နိုင်ငံတော် သစ္စာ ဖောက်မှု ဥပဒေ

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 02:29 GMT
russia dumas

အတိုက်အခံ တွေကို ချုပ်ကိုင်ဖို့ ကြိုးပမ်း

နိုင်ငံတော် သစ္စာ ဖောက်မှု ပြဋ္ဌာန်းချက်ကို ချဲ့ထွင် သတ်မှတ်ဖို့ ရုရှ ဒူးမား အောက် လွှတ်တော် က မဲခွဲ အတည်ပြု လိုက်ပါပြီ။

ဒါဟာ အတိုက်အခံ တွေကို ချုပ်ကိုင်ဖို့ နောက်တဆင့် ကြိုးပမ်းတာပဲလို့ ဝေဖန် နေကြပါတယ်။

တင်သွင်း ထားတဲ့ ပြင်ဆင် ချက်တွေ ထဲမှာ ရုရှ နိုင်ငံ လုံခြုံရေး ထိခိုက် ပျက်ပြားအောင် ငွေရေး ကြေးရေး သို့မဟုတ် နည်းပညာပိုင်း အရ ဖြစ်စေ၊ အကြံပေး တိုင်ပင်တာ ဖြစ်စေ စတဲ့ အကူအညီ ပေးမှု မှန်သမျှ နိုင်ငံတော် သစ္စာ ဖောက်မှု ထဲမှာ အကျုံးဝင် တယ်လို့ ပြင်ဆင် သတ်မှတ် ထားပါတယ်။

နိုင်ငံခြားသားနဲ့ ပတ်သက်မိတဲ့ ရုရှ နိုင်ငံသား မှန်သမျှ ကို သစ္စာဖောက် လို့ တံဆိပ် ကပ် ခံရအောင် ဥပဒေ ကို ဆွဲဆန့် ထားတယ်လို့ အစိုးရ အတိုက်အခံ တွေက ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။