BBC navigation

ရိုမာ အထိမ်း အမှတ် နေရာ ဖွင့်လှစ်

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 15:19 GMT

သတ်ဖြတ်ခံခဲ့ကြရသူ ရိုမာတို့ အတွက် အမှတ် တရ ရေကန်

ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတို့ သတ်ဖြတ်ခဲ့တဲ့ ရိုမာ Roma ခေါ် ဂျစ်ပစီ ငါးသိန်း ဝန်းကျင် အတွက် အတွက် အထမ်း အမှတ် နေရာကို ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ဖွင့်လှစ် ပေးခဲ့ ပါတယ်။

အဝိုင်း သဏ္ဍာန် ရေကန်ရဲ့ အလယ်မှာ ကျောက်တိုင် စိုက်ထူ ထားတဲ့ အထိမ်း အမှတ် နေရာကို ဂျာမနီ ပါလီမန် ရှေ့မှာ ထားရှိ ပါတယ်။

ရိုမာတွေ အရေး လှုပ်ရှားသူ တွေက ဒီ အထိမ်း အမှတ် ပြုလုပ် သင့်တာ အချိန် အတော် ကြာခဲ့ပြီ ဖြစ်ပြီး ဒီ အထိမ်း အမှတ် နေရာက အခု အချိန်မှာ သူတို့ အပေါ် ခွဲခြား ဆက်ဆံမှု တွေကို သတိ ပေးနိုင်ဖို့ မျှော်လင့် တယ်လို့ လည်း ပြောပါတယ်။

၁၂ သန်း လောက်ရှိတဲ့ ရိုမာ တွေဟာ နှိမ့်ချ ဆက်ဆံတာ ခံနေကြရပြီး လူမှုအသိုင်း အဝိုင်း ကနေ ဖယ်ကျဉ် ခံထား ကြရတယ်၊ ဆင်းဆင်း ရဲရဲ နေကြရတယ်လို့ ဥရောပ ကော်မရှင်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။