BBC navigation

အပစ် ရပ်ဖို့ ဆီးရီးယား အစိုးရ သဘောတူ

နောက်ဆုံး ရေးသားချိန် 24 အောက်တိုဘာလ 2012 - 15:06 GMT
Rebels in Syria

ဆီးရီးယား နိုင်ငံက သူပုန်များ

ဆီးရီးယား နိုင်ငံ ဆိုင်ရာ နိုင်ငံ တကာ သံတမန် လက်ဒါ ဘရာဟီမီ Lakhdar Brahimi က မွတ်ဆလင် တို့ရဲ့ အစ် ပွဲတော် အချိန်နဲ့ အတွင်း အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား အစိုးရနဲ့ သူပုန် အဖွဲ့ တချို့ကြားမှာ သဘောတူညီချက် တစ်ခု ရခဲ့ပြီလို့ ပြော ပါတယ်။

ဒါဟာ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဦးတည်တဲ့ ပထမ ခြေလှမ်း ဖြစ်တယ်လို့ မစ္စတာ ဘရာဟီမီက ပြောပါတယ်။

မကြာသေးခင်က ဒမတ်စကပ် မြို့ကို သွားခဲ့တဲ့ ခရီးစဉ် နောက်ပိုင်း အစ်ပွဲတော် ချိန်အတွင်း အပစ်ရပ်ဖို့ အစိုးရ ဘက်က သဘောတူခဲ့တာ ဖြစ်တယ်လို့ လက်ဒါ ဘရာဟီမီ က ပြောသွားတာပါ။ ဒီအပစ်ရပ်ရေး အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ ဒီကနေ့ သို့မသုတ် မနက်ဖြန်မှာ အစိုးရ ဘက်က ကြေညာချက် ထုတ်လိမ့်မယ်လို့ သူ ယူဆကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက တော့ စစ်တပ် အနေနဲ့ အဲဒီ အဆို ပြုချက်ကို လေ့လာ နေတုန်း ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မနက်ဖြန်မှ ကြေညာ မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ စေ့စပ် ညှိနှိုင်းရေးမှူး မစ္စတာ ဘရာဟီမီက အပစ် အခတ်ရပ်စဲမှု ကို လာမယ့် သောကြာနေ့မှာ စတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဘရာဟီမီ မတိုင်ခင် စေ့စပ်ညှိနှိုင်းရေးမှူး ကိုဖီအာနန်ရဲ့ ဧပြီလက အပစ်ရပ် သဘော တူညီချက်က တော့ အလျင် အမြန် ပျက်ပြားခဲ့ ပါတယ်။

ဒါပေမဲ့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက တော့ စစ်တပ် အနေနဲ့ အဲဒီ အဆို ပြုချက်ကို လေ့လာ နေတုန်း ဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မနက်ဖြန်မှ ကြေညာမယ်လို့ ပြောပါတယ်။

မစ္စတာ ဘရာဟီမီ မတိုင်ခင် စေ့စပ် ညှိနှိုင်းရေးမှူး ကိုဖီအာနန်ရဲ့ ဧပြီလက အပစ်ရပ် သဘောတူညီချက်က တော့ အလျင် အမြန် ပျက်ပြားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။