BBC navigation

ငွေကြေး စျေးကွက်က နာမယ်ကြီး Rajat Gupta ပြစ်ဒဏ်ချခံရ

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 02:10 GMT

ပြစ်ဒဏ် ချခံရတဲ့ ရာဂျက် ဂုပ်တာ

အမေရိကန် ပြည်ထောင်စုမှာ ကုမ္ပဏီ အတွင်းက လျှို့ဝှက် သတင်းအချက်အလက်တွေ သုံးပြီး အစုရှယ်ယာ ရောင်း၀ယ်မှုနဲ့ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် Rajat Gupta ကို ထောင်နှစ်နှစ်နဲ့ ဒေါ်လာ ငါးသန်း ပေးဆောင်ဖို့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

သူ့မိတ်ဆွေ အစုရှယ်ယာ ရင်းနှီး မြုပ်နှံမှု ကုမ္ပဏီ ပိုင်ရှင်ကို သူတို့ ကုမ္ပဏီတွင်း လျှို့ဝှက် သတင်းတွေ ပေးပြီး ပူးပေါင်း ကြံစည်ကာ ဒေါ်လာ ၁၁သန်းလောက် အကျိုးအမြတ်ရှာ လိမ်လည်ခဲ့တဲ့ မစ္စတာ ဂုပ်တာဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံဖွား မစ္စတာ ဂုတ်ပ်တာဟာ အမေရိကန် ငွေကြေး စျေးကွက် လောကမှာ ထိပ်ဆုံး ရာထူးတွေကို ရခဲ့ပြီး သူ့ရဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကြောင့် ကမ္ဘာတလွှားက လူတွေရဲ့ လေးစားမှု ခံခဲ့ ရသူ တယောက် ဖြစ်ပါတယ်။

အခုလို ကုမ္ပဏီတွင်း လျှို့ဝှက် သတင်းတွေကို အသုံးချပြီး ငွေကြေး စျေးကွက်မှာ အရောင်း၀ယ်လုပ် အမြတ်ထုတ်သူတွေကို အမေရိကန် အာဏာပိုင်တွေက ငါးနှစ်စီမံကိန်းနဲ့ နှိမ်နင်းမှုတွေ လုပ်နေရာမှာ မစ္စတာ ဂုပ်တာဟာ ဒီပြစ်မှုကို ကျူးလွန်သူတွေထဲ အထင်ရှားဆုံးသူ တယောက် ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။