BBC navigation

ဆီးရီးယား အစိုးရ ယာယီ အပစ်ရပ်

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 01:17 GMT
syria

အလက်ပို မြို့ လယ်ခေါင် သူပုန် တပ်သားတွေ ဝင်

မွတ်ဆလင် တို့ရဲ့ အိဒ် ပွဲတော် အခါတွင်းမှာ သူပုန် တွေနဲ့ အပစ်အခတ် ယာယီ ရပ်စဲထားဖို့ ဆီးရီးယား အစိုးရက သဘော တူလိုက်ပြီ ဖြစ်ပါတယ်။

သူပုန် တွေနဲ့ အတိုက်အခံ တပ်တွေ အနေအထား ပြောင်းတာ တိုက်ခိုက်တာ တွေ မလုပ်ရင် သောကြာ နေ့ မနက်ကနေ တနင်္လာ နေ့ ထိ ဆီးရီးယား တပ်က ထိုးစစ် တွေ ရပ်ဆိုင်း ထားမယ်လို့ အစိုးရ ရုပ်သံက ကြေညာ ပါတယ်။

အပစ်ရပ်စဲဖို့ ဆီးရီးယား အရေး ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ခဒါး ဘရာဟီမီ က စီစဉ် ပေးခဲ့ပြီး သူပုန် အုပ်စု အများစုက စစ်ရပ်စဲဖို့ သဘောတူတယ်လို့ မစ္စတာ ဘရာဟီမီက ဆိုပါတယ်။

ဒီအချိန်မှာပဲ သီတင်းပတ် တွေနဲ့ချီပြီး စစ်မြေပြင် ဖြစ်ခဲ့တဲ့ ဒုတိယ မြို့တော် အလက်ပို မြို့ လယ်ခေါင်ကို သူပုန် တပ်သားတွေ ဝင်လာတယ်လို့ သတင်း ရရှိ ပါတယ်။

ဒါဟာ သူပုန်တပ် တွေ ကျွံဝင်လာအောင် အကွက်ဆင်တာလဲ ဖြစ်နိုင် ပါတယ်။

မြို့လယ်ကို ရိက္ခာပို့တဲ့ လမ်းကြောင်းကို သူပုန် ဘက်က ဖြတ်တောက် နေလို့ ဆုတ်ရတာလဲ ဖြစ်နိုင်ပါတယ်။

ခရစ်ယာန် ရပ်ကွက် ၂ ခုနဲ့ ကဒ် လူမျိုး တွေ နေထိုင်ရာ အနီး ဝန်းကျင်က နေ အစိုးရ တပ်တွေ ဆုတ်ခွာ သွားပြီး သူပုန် တပ်သားတွေ ဝင်ခွင့် ပေးလိုက်တယ်လို့ မျက်မြင် တွေနဲ့ အတိုက်အခံ လှုပ်ရှား သူတွေက ဆိုပါတယ်။

ခရစ်ယာန် နဲ့ ကဒ် တွေက သူပုန်နဲ့ မပေါင်းသေး ပေမယ့် သူတို့နေရာကို အစိုးရ ပြန်ခြေကုပ်ယူဖို့ ဗုံးကြဲ မယ်ဆိုရင် အလက်ပိုကို အစိုးရ ဘက်က လက်လွှတ် ဆုံးရှုံးရ နိုင်ပါတယ်။

ဒမတ်စကပ်က လာတဲ့ သတင်းတွေ အရတော့ အစိုးရ ဘက်က အပစ်အခတ် ရပ်စဲရေး သဘောတူ ပြီးပြီးချင်း မှာတင်ပဲ မြို့ တော် တောင်ပိုင်း ရပ်ကွက် တခုကို အစိုးရ တပ်က အမြောက်နဲ့ ဒလစပ် ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။