BBC navigation

တိဘက် မီးရှို့ဆန္ဒပြသူတွေ သတင်းတရုတ် လိုက်

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 18:01 GMT
Tibet immolations

ရဲအစောင့်တွေ ကင်းလှည့်နေ

တရုတ်နိုင်ငံ တိဘက်ဒေသမှာ တရုတ်ရဲ့ အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြသူတွေ ပိုတိုးလာနေတဲ့ အချိန်မှာ ဂမ်ဆုပြည်နယ်က ရဲတွေက အဲဒီလို ဆန္ဒပြမှုကို စီစဉ်သူတွေကို ဖမ်းပေးနိုင်သူတွေကို ဆုငွေအများကြီး ပေးမယ်လို့ ကြေငြာထားလိုက်ပါတယ်။

ဆန္ဒပြဖို့ စီစဉ်သူတွေကို ဒေါ်လာ သုံးသောင်းအထိ၊ နောက်ကိုယ်တိုင် မီးရှို့ဆန္ဒပြဖို့ ကြံနေသူတွေကို သတင်းပေးရင်တော့ အဲဒီထက်နဲနဲ နဲတဲ့ ဆုငွေ ပမာဏ ပေးသွားမယ်လို့ ကြေငြာချက်တွေ ပြည်နယ်ထဲမှာ ကပ်ထားပါတယ်။

ဂမ်ဆုက နာမည်ကျော် လာဘရန် ဘုန်းတော်ကြီးကျောင်းနားမှာ မကြာခင်က အဲဒီလို မီးရှို့ ဆန္ဒပြမှုတွေ သုံးကြိမ် ဖြစ်ခဲ့ကြီးတဲ့ နောက် ကျောင်းနားမှာ စစ်တပ်အင်အားတွေ တိုးချထားတာ တွေ့ရတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။

တနင်္လာနေ့ကပဲ အသက် ၅၀ လောက်ရှိတဲ့ လူတဦး ဘုန်းကြီးကျောင်းနားမှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြပြီး အသက်ဆုံးသွားခဲ့ပါတယ်။

ဒီဖက်နှစ်ပိုင်းတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သီလရှင်နဲ့ တက်ကြွလှုပ်ရှားသူ ၆၀ လောက် မီးရှို့ ဆန္ဒပြခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။