BBC navigation

အာဖဂန်နစ္စတန် အသေခံဗုံးဖောက်ခွဲမှု လူ ၄၀ သေဆုံး

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 16:50 GMT
Maymana

အာဖဂန်နစ္စတန် မေမနာမြို့ ပေါက်ကွဲမှု

အာဖဂန်နစ္စတန် အနောက်မြောက်ပိုင်း မြို့တမြို့မှာ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ် ငါးဆယ်လောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူ ဒဏ်ရာရသူ အများစုဟာ ရဲအရာရှိတွေ ဖြစ်ကြပါတယ်။

မေမနာမြို့က ပလီတခုမှာ ဖောက်ခွဲပစ္စည်းတွေကို စနက်တံဖြုတ်ခဲ့တဲ့ အသေခံဗုံးဖောက်ခွဲသူဟာ ရဲယူနီဖောင်းဝတ်ပြီးရောက်ရှိလာခဲ့တယ်လို့ ယူဆရပါတယ်။

ဖောက်ခွဲမှု ဖြစ်ပွားစဉ်မှာ ခရိုင်အုပ်ချုပ်ရေးမှုးနဲ့ ထိပ်တန်းအရာရှိတွေလည်း အဲဒီဧရိယာအတွင်းမှာ ရှိနေပါတယ်။ သူတို့အားလုံးကတော့ လွတ်မြောက်သွားပုံရပါတယ်။

ဒီဖောက်ခွဲမှုဟာ ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုဖြစ်စဉ်အများအပြားအနက် တခုဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။