BBC navigation

ဘိုရှိလှိုင်ကို ရာဇဝတ်မှုနဲ့ စတင်စစ်ဆေး

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 00:51 GMT
bo xi lai

တရားစွဲ မခံရတဲ့ ကင်းလွတ်ခွင့်တွေ ရုပ်သိမ်းသွား

တရုတ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ဟောင်း ဘိုရှိလှိုင်ကို ရာဇဝတ် ကြောင်းအရ တရားဝင် စတင် စုံစမ်း စစ်ဆေးမှု တွေ လုပ်နေပြီ ဖြစ်ပါတယ်။

မနေ့ အစောပိုင်း ကပဲ သူ့ကို တရုတ် ပြည်သူ့ ကွန်ဂရက်က ထုတ်ပယ် လိုက်ပြီ ဖြစ်လို့ သူ့ကို ဥပဒေ ကြောင်းအရ စွဲဆိုမှုက ကင်းလွတ်ခွင့်တွေ ရုပ်သိမ်း ခံလိုက်ရပြီ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူး တွေ ဆက်ခံဖို့ တစ်ပေးခံရတဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှိလှိုင်ကို အရင်လ ကပဲ တရုတ် ကွန်မြူနစ် ပါတီ က နေ အာဏာ အလွဲသုံးမှု၊ ခြစားမှု တွေနဲ့ စွပ်စွဲ ထုတ်ပယ် ခံထားရပါတယ်။

သူ့ဇနီးကိုလဲ ဗြိတိသျှ စီးပွားရေး သမား နေးလ် ဟေးဝုဒ်ကို သတ်မှုနဲ့ ထောင်ချ ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။