BBC navigation

ဘရာဟီမီရဲ့ အပစ်ရပ်ရေး မအောင်မြင်

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 00:51 GMT

ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ သံတမန် လက်ခ်ဒါ ဘရာဟီမီ

ဆီးရီးယား အစိုးရဟာ လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင် နေပြီး ဒါဟာ စစ်လေယာဉ်တွေ စသုံး တိုက်ခိုက်ခဲ့တဲ့ မနှစ် အစောပိုင်းက စလို့ အပြင်းထန်ဆုံးဘဲလို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံတလွှား အစိုးရ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှု အကြိမ်ခြောက်ဆယ်ကျော် လုပ်ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က ဆိုပါတယ်။

တချိန်တည်းက အစိုးရပိုင် မီဒီယာတွေကလည်း ဒမားစကပ်စ်မြို့မှာ ကားဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အနည်းဆုံး လူဆယ်ယောက် သေဆုံးခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မွတ်စလင် အစ်ပွဲတော် အတွင်း နှစ်ဖက် အပစ်ရပ်ထားဖို့ သူ့ရဲ့ တောင်းဆိုချက် မအောင်မြင်ခဲ့ဘူးလို့ ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် Lakhdar Brahimi က ပြောပြီး ဆီးရီးယား ပဋိပက္ခဟာ ပြည်တွင်းစစ် အသွင် ဖြစ်နေပြီလို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။