BBC navigation

လူမျိုးတုံး သတ်မှု ငြင်းပယ်လို့ ထောင်ကျ

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 01:42 GMT
Victoire Ingabire

ဟူတူ သားကောင် တွေကိုလဲ အမှတ်ရ သင့်ကြောင်း ပြောခဲ့

ရဝမ်ဒါ အတိုက်အခံ ခေါင်းဆောင် ဗစ်တွား အင်ဂါဗီရုမ် ကို အကြမ်းဖက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုကို ငြင်းပယ်မှု တွေနဲ့ ထောင် ၈ နှစ် ချလိုက်ပါတယ်။

ဟူတူ မျိုးနွယ်ဝင် မစ္စစ် အာဂါဗီရုမ် ကို တခြား ၂ မှုနဲ့ စွဲဆို ခံရ တာကနေ လွတ်ငြိမ်းခွင့် ရခဲ့ပါတယ်။

သူက စီရင်ချက် ကြားနာမှု ကို သပိတ် မှောက်ခဲ့ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု အောက်မေ့ဖွယ် ပွဲတပွဲမှာ ဟူတူ ဘက်က သားကောင် ဖြစ်ရသူ တွေကိုလဲ အမှတ်ရသင့်ကြောင်း ပြောကြား ခဲ့ပြီးနောက် သူ့ကို ၂ဝ၁ဝ အောက်တိုဘာ ထဲက အကျဉ်းချ ထားခဲ့တာ ဖြစ်ပါတယ်။

တရားခွင်မှာ ချို့ယွင်း အားနည်းချက်တွေ ရှိပြီး နိုင်ငံရေး ဘက်လိုက်မှု တွေ ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဆိုပါတယ်။

၁၉၉၄ ခုနှစ်က ဖြစ်ပွားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု မှာ တွတ်ဆီ မျိုးနွယ်ဝင် အများစု ဖြစ်တဲ့ လူ ၈ သိန်းလောက် သေဆုံး ခဲ့ရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။