BBC navigation

တောင်အာဖရိက မှာ လူမဲတွေ အဆင့် အတန်း နိမ့်နေဆဲ

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 16:11 GMT
South African Miners

အလုပ်က ထုတ်ပစ်ခံခဲ့ရတဲ့ မိုင်းလုပ်သား တွေကို မကြာသေးခင်ကပဲ အလုပ်ပြန်ပေးခဲ့

တောင်အာဖရိက နိုင်ငံက ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း လူဦးရေ ၇ သန်း တိုးပွား လာတယ် ဆိုတဲ့ သန်းခေါင် စာရင်းကို ထုတ်ပြန်လိုက် ပါတယ်။

အခုဆိုရင် တောင်အာဖရိက နိုင်ငံမှာ လူဦးရေ ၅၂ သန်း နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ လူဖြူတွေ အုပ်ချုပ်မှု ကာလ ကျော်လွန်ခဲ့တာ ၁၈ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အသားအရောင်နဲ့ လူမျိုးရေး ခွဲခြားမှု အဆုံးသတ် သွားခဲ့ ပေမဲ့ နိုင်ငံတွင်း နေထိုင်ကြတဲ့ လူမျိုးတွေ ကြားမှာ မတူ ညီမှုတွေ၊ ကွဲပြားမှုတွေ ရှိနေတုန်း ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံက အာဖရိကန် မိသားစု တွေဟာ တခြား လူမျိုး အုပ်စု တွေထက် ဝင်ငွေ ပိုတိုး လာခဲ့တာ တွေ့ရ ပေမဲ့ တောင်အာဖရိက လူဖြူတွေ ကတော့ လူမဲ အာဖရိကန် တွေထက် ဝင်ငွေ ခြောက်ဆ ကျော် ပိုများ နေတုန်း ဆိုတာ တွေ့ရ ပါတယ်။

လူ နှစ်သန်း နီးပါးလောက်က သွားရေစာတွေ လောက်သာ စားပြီး အသက်ရှင် နေကြရ ပါတယ်၊ ဒီအရေ အတွက်ဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာ လူပေါင်း တစ်သိန်းကျော် ပိုများ လာတာ ဖြစ်ပါတယ်။

နိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လုပ်သား အင်အားရဲ့ ၃၀ ရာခိုင်နှုန်းဟာ အလုပ် လက်မဲ့တွေ ဖြစ်နေ ကြပြီး၊ ကလေး သူငယ် သုံးသန်းကျော် ကလေးဦးရေ စုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းဟာ မိဘမဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ လည်း အခု နောက်ဆုံး ကောက်ယူ ရရှိတဲ့ စစ်တမ်း အရ တွေ့ရှိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။