BBC navigation

တရုတ်နိုင်ငံရေး ပီပီပြင်ပြင် ပြောင်းသင့်

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 16:20 GMT
Global Times

တရုတ်နိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ပီပီပြင်ပြင်လုပ်ဖို့ အခါကျပြီလို့ သတင်းစာက ရေးပါတယ်။

တရုတ်နိုင်ငံက သြဇာကြီးတဲ့ သတင်းစာကြီး တစောင်ဖြစ်တဲ့ သည် ဂလိုဘယ် တိုင်းမ်က တရုတ်ပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် တရုတ် ကွန်မြူနစ်ပါတီ ညီလာခံ မတိုင်ခင် သတင်းစာ အယ်ဒီတာ့ အာဘော်ကနေ တရုတ်ပြည်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ပီပီပြင်ပြင် ဆောင်ရွက်ခဲ့သလို အခု တကြိမ်မှာတော့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ပီပီပြင်ပြင် ပြောင်းလဲဖို့ အခါကျပြီလို့ ရေးသားထားပါတယ်။

တရုတ်သတင်းစာ အရေးအသားနဲ့ဆိုရင် လက်တွေ့ကျကျ မှန်မှန်ကန်ကန် ပြောင်းလဲကြပါစို့လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဂလိုဘယ်တိုင်းမ် သတင်းစာကို တရုတ်ပြည်ရဲ့ တရုတ်မူသတင်းစာလို့ ပြည်သူတွေက ရှုမြင်ထားတာမို့ အခု အယ်ဒီတာ့အာဘော်ကိုတော့ ပြည်သူတွေက တအားကို စိတ်ဝင်စားနေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။