BBC navigation

ဂရိ သတင်းသမား ပြန်လွတ်

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 01:05 GMT
vaxevanis

သတင်းစာ ပညာ ကို လွတ်လပ်ခွင့် ပေးတာဖြစ်

ဂရိ မဂ္ဂဇင်း အယ်ဒီတာ တယောက်ကို အခွန်ရှောင်တယ်လို့ သင်္ကာ မကင်းသူ တွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ဖွင့်ချမှုနဲ့ တရားစွဲ ထားတာကနေ ပြန်ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ဘဏ်စာရင်း ဖွင့်ထားတဲ့ ဂရိ လူမျိုး ၂ ထောင် ရဲ့ စာရင်း ကို ကော့စတပ် ဗက်စီ ဗန်းနစ် က ဖွင့်ချ ခဲ့ရာမှာ ဝန်ကြီးဟောင်း တယောက်လဲ ပါနေပါတယ်။

သူက အခုလို ပြန်လွှတ် ပေးလိုက်တာကို တရားရုံးဟာ ပြည်သူ တွေရဲ့ ခံစားချက် ကို သိနားလည်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်၊ ဒါပေမယ့် အရေးကြီးဆုံးက သတင်းစာ ပညာ ကို လွတ်လပ်ခွင့် ပေးလိုက်တာပဲ လို့ သုံးသပ် ပြောကြား သွားပါတယ်။

ဒီလို ဥပဒေ အနှောင်အဖွဲ့ တွေက ကင်းလွတ်ခွင့် ရှိမှသာ သူ့ ရောင်းရင်း သတင်းသမားတွေ အမှန်ဘက်က ရဲရဲနဲ့ ပြောင်ပြောင်တင်းတင်း ဖွင့်ချ နိုင်ကြမယ်လို့ ဗက်စီ ဗန်းနစ်က ဆိုပါတယ်။

ပုဂ္ဂိုလ်ရေး အချက် အလက်တွေကို ဘာမှ ကျူးလွန် ဖော်ပြ ခဲ့တာ မဟုတ်ဘူးလို့ သူ့ရှေ့နေ တွေက ဒီလို တရားစွဲ ဆိုတာကို ပြစ်တင် ခဲ့ကြပါတယ်။

မစ္စတာ ဗက်စီ ဗန်းနစ် ကတော့ တကယ်တမ်း ထောင်ချ သင့်တဲ့ သူတွေဟာ အခွန်ရှောင် ထားကြတာကို ဖုံးဖိ ထားတဲ့ နိုင်ငံရေး သမားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလို လွှတ်ပေး လိုက်တာဟာ ဂရိ နိုင်ငံမှာ လွတ်လပ်စွာ ပြောဆိုခွင့် အောင်ပွဲ ခံတာပဲ လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။