BBC navigation

အခွန်ရှောင်သူတွေကို ဖေါ်ထုတ်လို့ မဂ္ဂဇင်း အယ်ဒီတာကို တရားစွဲ

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 16:23 GMT

ဂရိ နိုင်ငံမှာ အခွန် ရှောင်သူ တွေလို့ သသံယ ရှိသူ စာရင်းကို မဂ္ဂဇင်း တစောင် ကနေ ထုတ်ပြန် လိုက်ရာ အဲဒီ မဂ္ဂဇင်း အယ်ဒီတာကို အခုတော့ အေသင်မြို့ မှာ တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

အရင် အစိုးရ ဝန်ကြီးဟောင်း တဦးနဲ့ တခြား သြဇာ ရှိတဲ့ ခေါင်းဆောင်တွေ အပါ အဝင် ဂရိ နိုင်ငံသား နှစ်ထောင်ရဲ့ ဆွစ်ဇာလန် ဘဏ် စာရင်းတွေကို အဲဒီ မဂ္ဂဇင်းက ထုတ်ဖေါ် လိုက်တာ ဟာ အဲဒီ သူတွေရဲ့ ကိုယ်ရေး ကိုယ်တာ အခွင့် အရေးကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက် မဂ္ဂဇင်း အယ်ဒီတာ ကိုးတက်စ် ဗက်စီဗန်းနစ်ကို တရားစွဲ လိုက်တာ ဖြစ်ပါတယ်။

အယ်ဒီတာရဲ့ ရှေ့နေ ကတော့ ပုဂ္ဂလိက အခွင့် အရေးကို ချိုးဖေါက် တာမျိုး မရှိဘူးလို့ ပြောကြား လိုက်ပြီး၊ အခုလို စွပ်စွဲမှုတွေ ဟာ ရွံရှာ မုန်တီး စရာ ကောင်းတယ်လို့ ပြောပါ တယ်။

မစ္စတာ ဗက်စီ ဗန်းနစ် ကတော့ တကယ်တမ်း ထောင်ချ သင့်တဲ့ သူတွေဟာ အခွန်ရှောင် ထားကြတာကို ဖုံးဖိ ထားတဲ့ နိုင်ငံရေး သမားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ အနေနဲ့ ကတော့ သတင်းစာ ဆရာ တဦး ဖြစ်တာကြောင့် လူထုကို အမှန် အတိုင်း ပြောဖို့ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။