BBC navigation

အမေရိကန် မဲဆွယ်ပွဲ အရှိန်မြင့်

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 01:54 GMT
us

နောက်အပတ်မှာ အကြိတ်အနယ် ပြိုင်ရမယ်

တတိုင်းပြည်လုံး ဘယ်ဟာ အကောင်းဆုံးလဲ အာရုံစိုက်ရမယ်လို့ သမ္မတ အိုဘားမားက ဝစ္စကွန်ဆင် ပြည်နယ် မဲဆွယ်ပွဲမှာ ပြောကြား ခဲ့ပါတယ်။

ရီပတ် ဘလစ်ကန် သမ္မတလောင်း မစ်ထ်ရွန်နီ ကတော့ အရင် လေးနှစ်လို ကာလမျိုး ထပ်မကြုံချင်တော့ တာမို့ နောက် ၅ ရက်ပဲ လိုတော့တယ်လို့ ဗာဂျင်းနီးယား မှာ ကြွေးကြော် ခဲ့ပါတယ်။

နယူးယော့ မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ် ကတော့ သမ္မတ အိုဘားမား ပြန်ပြီး အရွေးခံရဖို့ ထောက်ခံ ခဲ့ပါတယ်။

နိုင်ငံရေး တသီး ပုဂ္ဂလ ဖြစ်တဲ့ မစ္စတာ ဘလွန်းဘတ်က နောက်အပတ်မှာ အကြိတ်အနယ် ယှဉ်ပြိုင် ကြတော့မယ့် မစ္စတာ အိုဘားမားရော ရီပတ် ဘလစ်ကန် သမ္မတလောင်း မစ်ထ် ရွန်နီကိုပါ ဝေဖန် နေသူ ဖြစ်ပါတယ်။

ဆန်ဒီ မုန်တိုင်း ကာလ အတွင်း အိုဘားမားရဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ရာမှာ အတော်ဆုံး လူဖြစ်လို့ သမ္မတ အိုဘားမားကို ထောက်ခံဖို့ ဆုံးဖြတ် ခဲ့ကြောင်း မစ္စတာ ဘလွန်းဘတ်က ပြောကြား ပါတယ်။

မုန်တိုင်းကြောင့် အမေရိကမှာ လူ ၈ဝ ကျော် သေဆုံး ခဲ့ရပြီး ဒီထဲက တဝက်ကျော်က နယူးယော့က ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။