BBC navigation

မှားယွင်း ထောင်ချခံရတဲ့ တရုတ် အလုပ်သမား နစ်နာကြေးရ

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 14:05 GMT
A steel worker in China

တရုတ် နိုင်ငံက သံမဏိ စက်ရုံ အလုပ်သမား တစ်ယောက်

တရုတ် နိုင်ငံမှာ မှားယွင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ ရတဲ့ အတွက် ထောင်ထဲမှာ ၁၁ နှစ် နေခဲ့ရသူ အမျိုးသား တစ်ယောက်ကို ဒေါ်လာ တစ်သိန်း သုံးသောင်း လျော်ကြေး ပေးဖို့ တရုတ် နိုင်ငံ တရားရုံးက ဆုံးဖြတ်လိုက် ပါတယ်။

အသက် ၃၉ နှစ် အရွယ် သံမဏိ စက်ရုံ အလုပ် သမားဟာ ချက် လက်မှတ် မသမာမှု လုပ်ခဲ့တယ် ဆိုပြီး ၂၀၀၀ ခုနှစ်က ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရပြီး သက်သေ အထောက်အထား မလုံလောက်တဲ့ အတွက် ၂၀၁၀ ခုနှစ်က တရားသေ လွတ်ခဲ့ တယ်လို့ တရုတ် အစိုးရ သတင်း မီဒီယာက ပြောပါတယ်။

အဲဒီ အလုပ်သမားကို သူ့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ဆုံးရှုံး ခဲ့မှု အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး စိတ်ဖိစီးမှု ခံခဲ့ရမှုတို့ အတွက် နစ်နာကြေး ပေးတာလို့ ဂွမ်ဒေါင်းပြည်နယ် ဗဟိုတရား ရုံးချုပ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။