BBC navigation

ဆီးရီးယားက သူပုန်တွေရဲ့ သတ်ဖြတ်မှု စစ်ရာဇဝတ်မှု မြောက်နိုင်

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 17:37 GMT
Syria Execution

Syria Execution

ဆီးရီးယား သူပုန် တွေက သူတို့ ဖမ်းဆီး ထားတဲ့ အစိုးရ စစ်သား တွေကို စစ်ဆေး မေးမြန်းခြင်း မရှိဘဲ ကွပ်မျက် ပစ်ခဲ့တဲ့ အင်တာနက် ပေါ်က ဗီဒီယိုကို ကြည့်ရတာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အထောက် အထား ပုံစံမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

သူ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ရူးပတ် ကော်လ်ဗေးလ် Rupert Colville က အဲဒီ ဗီဒီယိုကို အစစ်အမှန် ဟုတ်မဟုတ် အသေ အချာ ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အသေ အချာလည်း စစ်ဆေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ စွပ်စွဲချက်တွေ အရတော့ အဲဒီ စစ်သားတွေဟာ တိုက်ခိုက်ရေး လုပ်တဲ့ အထဲ မပါ တော့ဘူး၊ ဒီအချက်ကြောင့် ဒါဟာ စစ်ရာဇဝတ်မှု ပုံစံမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောရေး ဆိုခွင့် ရှိသူ ရူးပတ် ကော်လ်ဗေးလ်က ပြောပါတယ်။

ဒါဟာ နောက်နောင်မှာ တရား စွဲဆိုမှု ဖြစ်လာမယဈ် ဆိုရင် အထောက်အထား ဖြစ်နိုင်တဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ဖို့ ကတော့ သေချာ သလောက်ပဲ လို့ လည်း သူက ပြောပါတယ်။

ဗီဒီယိုထဲမှာ သွေးဆူ နေကြတဲ့ သေနတ် သမားတွေက ဖမ်းဆီး ခံထားရသူ တွေကို မြေပြင်ပေါ် အတင်း ဆွဲလှဲပြီး စက်သေနတ်တွေနဲ့ ပစ်သတ်ခဲ့တာ တွေ့မြင်ရ ပါတယ်။

ဒမတ်စ်ကပ်စ် မြို့တော်နဲ့ အယ်လ်လက်ပို မြို့ကြား လမ်းမကြီး ပေါ်က အစိုးရ စစ်ဆေးရေး ဂိတ်တွေကို အယ်လ် နူစ်ရာ ဖရန့် al-Nusra Frontj အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေ က ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး သတ်ဖြတ် မှုတွေ လုပ်ခဲ့တာ ဆိုတဲ့ စွပ်စွဲ ပြောဆိုမှု တွေလည်း ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။