BBC navigation

ဆီးရီးယား သူပုန်တွေ အစိုးရ လေတပ်စခန်း တခုကို ထိုးစစ်ဆင်

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 15:13 GMT
Syria attack

အဲဒီ နယ်မြေတွင်း အဓိက လမ်းမကြီးတွေကို သူပုန်တွေ သိမ်းယူ ခဲ့ပြီးနောက် လေတပ် စခန်းသိမ်း စစ်ဆင်ရေး စတင်ခဲ့

ဆီးရီးယား သူပုန်တွေဟာ နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ အစိုးရ လေတပ် စခန်း တခုကို သိမ်းပိုက်ဖို့ အတွက် စစ်ဆင်ရေးကြီး တခုကို စတင် ဆင်နွှဲ နေပြီ ဖြစ်ပါတယ်။

လေတပ်စခန်းကို သိမ်းပိုက် နိုင်မယ် ဆိုရင် အစိုးရရဲ့ လေကြောင်း ကနေ တိုက်ခိုက်မှုတွေ လျော့ကျ သွားစေမှာ ဖြစ်တယ်လို့ သူပုန်တွေက ပြောပါတယ်။

အင်တာနက်မှာ တင်ထားတဲ့ ဗီဒီယိုတွေ ထဲမှာ တော့ သူပုန် တိုက်ခိုက်ရေး သမားတွေဟာ ရောကက်တွေ၊ မော်တာ အမြောက်တွေ များစွာနဲ့ အလက်ပိုမြို့ အနောက်မြောက် ဘက် တက်ဖ်တနက်ဇ် မြို့ကို တိုက်ခိုက် နေတာကို တွေ့မြင် ရပါတယ်။

အဲဒီ နယ်မြေထဲမှာ ရှိတဲ့ အဓိက လမ်းမကြီးတွေကို အတိုက်အခံ တပ်ဖွဲ့တွေက သိမ်းယူ ခဲ့ပြီးနောက် အခုလို လေတပ် စခန်းကို သိမ်းမယ် ဆိုတဲ့ စစ်ဆင်ရေး စတင် ခဲ့တာ ဖြစ်ပါတယ်။

အလက်ပိုနဲ့ ဒမားစကပ်စ် မြို့ကြီး ၂ ခု အကြား မဟာဗျူဟာ အရ အင်မတန် အရေးပါတဲ့ နယ်မြေတွေ အပေါ် သူပုန်တွေရဲ့ သြဇာ ပိုမို ကြီးမားလာဖို့၊ ဒီလေတပ် စခန်းကို သိမ်းပိုက် နိုင်ရေးဟာ သူပုန်တွေ အတွက် အရေးကြီး တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။