BBC navigation

ဆီးရီးယားလေတပ်စခန်း တခုအနီး တိုက်ပွဲတွေဖြစ်

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 01:20 GMT
syria

တိုက်ပွဲတွေကြားက ဆီးရီးယား

ဆီးရီးယား နိုင်ငံ မြောက်ပိုင်း မှာရှိတဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ လေတပ် စခန်း တခု အနားမှာ အစိုးရ တပ်တွေနဲ့ သူပုန်တွေ အကြား တနေ့လုံး တိုက်ပွဲတွေ ဖြစ်နေခဲ့ပါတယ်။

ဒီ တဖ်တန်နက်ဇ် လေတပ် စခန်းကို သူပုန် တွေက တိုက်ခိုက်နေကြတာဟာ အစိုးရ ဘက်က လေကြောင်း ကနေ တိုက်ခိုက် နေမှုတွေကို ထိန်းချုပ် နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

သူပုန်တွေက အခု ထိုးစစ် တွေအတွင်း သူတို့ ဖမ်းဆီး ရရှိခဲ့တဲ့ တင့်ကား တွေကို အသုံးပြုပြီး တိုက်ခိုက် နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆီးရီးယား နိုင်ငံပိုင် မီဒီယာ တွေကတော့ အစိုးရ တပ်တွေဘက်က ထိုးစစ် ဆင်လာတဲ့ သူပုန်တွေကို အကြီးအကျယ် အထိနာ သွားအောင် ပြန်လည် တိုက်ခိုက် နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီ တိုက်ပွဲတွေ ဖြစ်နေရာကို အစိုးရဘက်က စစ်ကူတွေ သွားနေကြပြီလို့လည်း သတင်းတွေရရှိ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။