BBC navigation

ဆီးရီးယား အတိုက်အခံတွေ အစိုးရဖွဲ့မယ်

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 16:00 GMT
Syria National Council

ဆီးရီးယား အမျိုးသား ကောင်စီ ကတော့ ၄ ရက် ကြာ အဖွဲ့တွင်း ဆွေးနွေးမှု တွေကို ပြုလုပ်နေ

ဆီးရီးယား အတိုက်အခံ အဖွဲ့တွေ အားလုံး ပေါင်စည်းပြီး၊ နောက်ဆုံးမှာ အဝေးရောက် အစိုးရ ဖွဲ့နိုင်ရေး အတွက်၊ အတိုက်အခံ အဖွဲ့ တွေဟာ ကာတာ နိုင်ငံမှာ စုဝေး ခဲ့ကြပြီး ဆွေးနွေးပွဲ တွေကို ဆက်တိုက် ဆိုသလို စတင် ပြုလုပ် နေကြပြီ ဖြစ်ပါတယ်။

ပညာရှင်တွေနဲ့ အဝေးရောက် အတိုက် အခံ ခေါင်းဆောင်တွေ အများ အပြား ပါဝင်တဲ့ အင်အား အကြီးဆုံး အတိုက် အခံ အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီ ကတော့ ၄ ရက် ကြာ အဖွဲ့တွင်း ဆွေးနွေးမှု တွေကို ပြုလုပ်နေ ပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်တွေ ကတော့ လူငယ် အဖွဲ့ဝင် သစ်တွေကို မွေးထုတ်ပြီး ရှေ့တန်းမှာ ချထားရေး အတွက် ဖြစ်ပါတယ်။

ဒီအပတ် နှောင်းပိုင်း မှာတော့ အတိုက်အခံ အဖွဲ့တွေဟာ အမေရိကန်က အဆိုပြုထားတဲ့ ဆီးရီးယား နိုင်ငံထဲက ကိုယ်စားလှယ်တွေ ပိုမို ပါဝင်တဲ့ ခေါင်းဆောင်သစ် အယောက် ၅၀ ပါ ဦးဆောင် အဖွဲ့ ဖွဲ့စည်းရေး အတွက် စဉ်းစားဆုံး ဖြစ်ကြမှာ ဖြစ်ပါတယ်။

အတိုက်အခံ တွေကြား အကွဲ အပြဲတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေပြီး အကျိုး သက်ရောက်မှု မရှိ ဖြစ်နေတယ် ဆိုတာကို ဆီးရီးယား အမျိုးသား ကောင်စီက ကောင်းကောင်း သိနေ တယ်လို့ ကာတာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။