BBC navigation

ဟတ်ကာနီ အဖွဲ့ကို အရေးယူ ပိတ်ဆို့ပြီ

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 01:30 GMT

Haqqani စစ်သွေးကြွ အဖွဲ့

အာဖဂန် နစ္စတန်က နေတိုး တပ်ဖွဲ့နဲ့ အစိုးရကို တော်တော်များများ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဟတ်ကာနီ စစ်သွေးကြွ အဖွဲ့ကို နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အမိန့်ထုတ် လိုက်ပါတယ်။

အခုတော့ ဒီအမိန့်အရ ဟက်ကာနီ အဖွဲ့နဲ့ အဖွဲ့ အကြီးအကဲ Qari Zakir ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်လိုက်ပြီး သူတို့ရဲ့ ခရီးသွားလာခွင့်တွေနဲ့ သူတို့ကို လက်နက် ရောင်းချမှုတွေကို ပိတ်ပင် တားမြစ်လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေး ကောင်စီရဲ့ လက်ရှိ အဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ ပါကစ္စတန်နဲ့ ဟတ်ကာနီ အဖွဲ့တို့ဟာ ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်မှုတွေ ရှိခဲ့တာပါ။

ဒီလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။