BBC navigation

ရုရှား ကာကွယ်ရေး ဝန်ကြီး တာဝန်မှ ဖယ်ရှားခံရ

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 16:42 GMT
_anatoly_serdyukov

တာဝန်က ဖယ်ရှားခံလိုက်ရတဲ့ ကာကွယ်ရေး ဝန်ကြီး ဆာဒျူကော့ဗ်

ရုရှား နိုင်ငံမှာတော့ သမ္မတ ဗလာဒီမီယာ ပူတင်က သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး အနာတိုလီ ဆာဒျူကော့ဗ်ကို တာဝန်ကနေ ဖယ်ရှား လိုက်ပါတယ်။

အဲဒီ ကာကွယ်ရေး ဝန်ကြီး အရင်က ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီ တခုကို မသမာမှုနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့အပြီးမှာ အခုလို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ သူတို့ အကျိုးအမြတ် ရဖို့ အတွက်ကို စစ်ဘက်က ပိုင်ဆိုင်မှု တွေနဲ့ အိမ်မြေ တွေကို မတန်တဆ ဈေးတွေချ ရောင်းခဲ့တယ်လို့ ဆိုပါတယ်။

မော်စကို မြို့က ဘီဘီစီ သတင်းထောက် ကတော့ အဲဒီ မစ္စတာ ဆာဒျူကော့ဗ်ဟာ ခေတ်နောက်ကျ နေတဲ့ ရုရှား စစ်တပ်ကို ပြုပြင် ပြောင်းလဲဖို့ ကြိုးစား နေတာ ဖြစ်ပြီး အသုံးစားရိတ် နဲ့ လူဦးရေ လျှော့ချမှု တွေကြောင့် သူ့ကို အမြင်မကြည်သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သူ့နေရာမှာ ခန့်ထားလိုက်တဲ့ ကာကွယ်ရေး ဝန်ကြီး အသစ်ကတော့ မစ္စတာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တဦး ဖြစ်တဲ့ အရင် အရေးပေါ်ဌာနရဲ့ ဝန်ကြီးဟောင်း ဆာဂျေ ရှိုဂူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။