BBC navigation

အဓမ္မ ပြုကျင့်တဲ့ အာဖဂန် ရဲတွေ ထောင်ချခံရ

နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2012 - 16:47 GMT
Afghan rape

လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့် ခံရသူ မိန်ကလေး ကိုယ်တိုင် တိုင်တန်း

အာဖဂန် နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက် ကို အတင်း အဓမ္မ ပြုကျင့် ခဲ့တဲ့ ရဲ ဝန်ထမ်း တစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ် ပေးလိုက် ပါတယ်။

အခုနှစ် မေလ တုန်းက ရဲ ဝန်ထမ်း အမျိုးသားတွေ အုပ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်း အဓမ္မ ပြုကျင့် ခဲ့တယ် ဆိုတာ အသက် ၁၈ နှစ် အရွယ် အမျိုးသမီး လာလ် ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ ပါတယ်။

တခြား ရဲဝန်ထမ်း သုံးယောက် ကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ ပါတယ်။

အဲဒီ အမျိုးသမီးက သူ့ကို မတရား ပြုကျင့် ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့တာပါ။

အာဖဂန် နစ္စတန် နိုင်ငံမှာက လိင်ပိုင်း ဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုး သမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော် တိုင်ကြားတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်တဲ့ ကိစ္စပါ။

သူ့ရဲ့ ထွက်ဆိုချက် တွေကို နိုင်ငံတကာ သတင်း မီဒီယာတွေမှာ စိတ်ဝင် တစား ဖော်ပြ ခဲ့ကြသလို သမ္မတ ကာဇိုင်း ကိုယ်တိုင်က ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးဖို့ အမိန့် ပေးခဲ့ ရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။