BBC navigation

ဘက်ဂျက် အရေး အိုဘားမား သတိပေး

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 01:13 GMT
obama

ချမ်းသာ သူတွေ အခွန်ပိုပေးရမယ်

လက်ရှိ အမေရိကန် ဘက်ဂျက် အကျပ်အတည်းကို ပြောင်းလဲ ပစ်နိုင်ဖို့ ချမ်းသာ သူတွေ အခွန်ပိုပေးရမယ် လို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

ကွန်ဂရက် ခေါင်းဆောင် တွေနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ မစ္စတာ အိုဘားမားက သူဟာ ရီပတ်ဘလစ်ကန် ပါတီဝင် တွေနဲ့ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုလားတယ်လို့ ဆိုပါတယ်။

အိုဘားမားက သူဟာ ဘာတခုကိုမှ အသေးစိတ် ဆုပ်ကိုင် ထားသူ မဟုတ်ဘူး၊ အမြင်သစ်ကို ကြိုဆိုတဲ့သူပါ၊ ဒါပေမဲ့ ဘက်ဂျက် လိုငွေ ပြမှု လျှော့ချဖို့ အချမ်းသာဆုံး သူတွေဆီက အခွန် တိုးကောက်တာနဲ့ အသုံးစရိတ် ဖြတ်တောက်တာ ၂ မျိုးလုံး ညီညီမျှမျှ မရှိတဲ့ အစီအစဉ်မျိုးကို သူလက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေ သက်ကြီးရွယ်အိုတွေ နဲ့ အလယ်အလတ်တန်းစား မိသားစုတွေ ဆီက ဘက်ဂျက် လိုငွေ ကို ဖြည့်ဖို့ တောင်းခံမှာ မဟုတ်ဘူး လို့ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ကွန်ဂရက်မှာ အများစု အသာရထားတဲ့ ရီပတ်ဘလစ်ကန် တွေက အခွန်တိုးကောက်မှာ အပြင်းအထန် ဆန့်ကျင် နေကြတာပါ။

သူ အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ပြန်အနိုင်ရ လိုက်တာဟာ အမေရိကန် နိုင်ငံသား အများစုက သူ့လမ်းစဉ် ကို လိုလားကြောင်း ပြသ လိုက်တာလို့လဲ အိုဘားမားက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။