BBC navigation

ရုရှား စစ်ဦးစီးချုပ် ရာထူးက ထုတ်ပယ် ခံရ

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 14:50 GMT
Dismissed Defense Minister Anatoly Serdyukov the armed forces chief Nikolai Makarov

ဖယ်ရှား ခံရသူ ရုရှား ကာကွယ်ရေး ဝန်ကြီးနဲ့ စစ်ဦးစီးချုပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက တွေ့ရစဉ်

ရုရှား သမ္မတ ဗလာဒီ မီယာ ပူတင်က ကာကွယ်ရေး ဝန်ကြီးကို အဂတိ လိုက်စားမှု အရှုပ်တော်ပုံနဲ့ ရာထူးကနေ ဖယ်ရှား ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ စစ်ဦးစီးချုပ်ကို ထုတ်ပယ်လိုက် ပါတယ်။

စစ်ဦးစီးချုပ် အသစ် ဖြစ်လာသူက ဒုတိယ အကြိမ် ချေချင်ညှာ သူပုန်တွေကို တိုက်ခဲ့တဲ့ စစ်ပွဲ တုန်းက တပ်မှူးကြီး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂယ်ရာစီမော့ဗ် Valeriy Gerasimov ဖြစ် ပါတယ်။

စစ်ဦးစီးချုပ် နစ်ကိုလိုင် မာကာရော့ဗ် Nikolai Makarov ရဲ့ နေရာမှာ အစားထိုးခန့်အပ် ခံရတဲ့ ဒီဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂယ်ရာစီမော့ဗ် ဟာ အတွေ့အကြုံ အမြောက် အမြား ရှိတဲ့ တကယ့်ကို စစ်သား ကောင်း ပီသသူ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီး အနာတိုလီ ဆာဂျူးကော့ဗ် Anatoly Serdyukov ကို အခု သီတင်းပတ် အစောပိုင်းက မသမာမှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီး ရာထူးကနေ ဖယ်ရှား ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။