BBC navigation

သီရိလင်္ကာ ထောင်တခုမှာ ဆူပူမှု ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 16:06 GMT

ရဲတပ်ဖွဲ့ဝင်တွေ ထောင်ကို လာရောက် ပြီး၊ ရှာဖွေရေး လုပ်ချိန်မှာ ထောင်သားတွေက လက်နက် လုပြီး ပစ်ခတ်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက ထောင်တခုမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထောင်သားတွေ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ ပြီးနောက် ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသား တွေကို သိရိလင်္ကာ ရဲတပ်ဖွဲ့ ကနေ လိုက်လံ ရှာဖွေ နေပါတယ်။

ဝီလီကားဒါ ထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီ အဓိကရုဏ်း အတွင်း လူပေါင်း ၂၇ ဦး သေဆုံး သွားပြီး အများစုဟာ သေနတ် ဒဏ်ရာနဲ့ သေဆုံး သွားကြတဲ့ ထောင်သား တွေ ဖြစ်ပါ တယ်။

အထူး ကိုမန်ဒို ရဲတပ်ဖွဲ့ဝင်တွေ ထောင်ကို ရောက်ရှိ လာပြီး၊ တရား မဝင် ပစ္စည်းတွေကို ရှာဖွေ နေချိန်မှာ ထောင်သား တချို့ဟာ လက်နက်တွေ လုယုပြီး ပြန်လည် ပစ်ခတ်ခဲ့ ကြတာ ဖြစ်ပါတယ်။

ထောင်သားတွေဟာ လက်နက် တိုက်ကို ချိုးဖေါက် ဝင်ရောက် ပြီးနောက် လက်နက်တွေကို ယူ၊ အရာရှိ တချို့ကို ဓါးစာခံတွေ အဖြစ် ဖမ်းဆီး ထားခဲ့တာ ဖြစ်ပြီး၊ ကိုမန်ဒို ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ ပါတယ်။

အခု ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အကြမ်းဖက်မှုဟာ သီရိလင်္ကာမှာ နှစ်ပေါင်းများစွာ အတွင်း အဆုံးဝါးဆုံး ဖြစ်ရပ်ပါ။

အခုတော့ ထောင်ကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။