BBC navigation

၂ဝ၁၃ ဘတ်ဂျက် ဂရိ ပါလီမန် အတည်ပြု

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 00:59 GMT

၂၀၁၃ ဘတ်ဂျက် ဂရိ ပါလီမန် အတည်ပြု

ဂရိ ပါလီမန်က အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုတွေ ခြိုးချန် ချွေတာရေး အစီအစဉ်တွေ တော်တော်များများပါတဲ့ ၂ဝ၁၃ ခုနှစ် ဘတ်ဂျက်ကို အတည်ပြု လိုက်ပါပြီ။

ခု အတည်ပြုလိုက်တဲ့ ဘတ်ဂျက်က ဂရိ အစိုးရ အတွက် အခရာ ကျလှပြီး နောက်ထပ် ဘဏ္ဍာရေး ကယ်ဆယ်မှု အကူအညီတွေ ထပ်ရဖို့ နိုင်ငံတကာက မြီရှင်တွေကို ဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။

လာမယ့် နှစ်နှစ် အတွင်း အသုံးစရိတ် ဖြတ်တောက်ဖို့နဲ့ အခွန်တိုးကောက်ဖို့ သီးခြား အစီအစဉ် တခုကို အမတ် ၃ဝဝ ရှိတဲ့ ပါလီမန်မှာ ပယ်ချခံ ခဲ့ရပြီး ရက်ပိုင်း အတွင်းမှာ ၂ဝ၁၃ ဘတ်ဂျက်ကို လွတ်လွတ်ကျွတ်ကျွတ် မဲအများစုနဲ့ အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အတည်ပြုလိုက်တဲ့ အတွက် ဂရိ နိုင်ငံဟာ ဘဏ္ဍာရေး ကယ်ဆယ် ကူညီမှု ဘီလီယံ ဒေါ်လာ လေးဆယ်လောက် ရမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။