BBC navigation

ဆီးရီးယား အတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 15:05 GMT

SNC ကတော့ အမေရိကန်ရဲ့ ဖိအားပေးတာကို ခံနေရပါတယ်

ဆီးရီးယား အတိုက်အခံ အဖွဲ့တွေဟာ တပ်ပေါင်းစု ပုံစံ ဖွဲ့စည်းရေး အတွက် ကနဦး သဘောတူညီချက်ကို လက်မှတ် ရေးထိုး လိုက်ကြပြီ ဖြစ်ပါတယ်။

ဒီညွန့်ပေါင်း အဖွဲ့ အတွက် ဥက္ကဌ နဲ့ ဒုတိယ ဥက္ကဌ တို့ကို နိုဝင်ဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ရွေးကောက် တင်မြှောက်ဖို့ ရှိတယ်လို့ မူဆလင် ညီနောင်များ အဖွဲ့ဖြစ်တဲ့ Muslim Brotherhood ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

များစွာသော ဆီးရီးယား အတိုက် အခံ အဖွဲ့တွေဟာ အခုလို တပ်ပေါင်းစု ဖွဲ့စည်းရေး အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် အစောပိုင်း အချိန် အထိ ကာတာ နိုင်ငံ မြို့တော် ဒိုဟာမှာ ဆွေးနွေး နေခဲ့ကြတာ ဖြစ်ပါတယ်။

အခု တပ်ပေါင်းစု အဖွဲ့သစ်ကို ဆီးရီးယား ပြည်တွင်း ပြည်ပ အဖွဲ့တွေနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပြီး အဖွဲ့ရဲ့ အမည်ကို National Coalition for Opposition Forces and the Syrian Revolution NCOFS လို့ ခေါ်ဆိုထား ပါတယ်။

ဆီးရီးယား နိုင်ငံထဲက တိုက်ခိုက်ရေး သမားတွေနဲ့ ပြည်ပအခြေစိုက် ဆီးရီးယား အမျိုးသား ကောင်စီ SNC တို့ သဘော တူညီချက် ရရှိကြမယ်ဆိုရင် ဆီးရီးယား အတိုက်အခံတွေ အနေနဲ့ ပိုမို ထိရောက်စွာ လှုပ်ရှား ဆောင်ရွက်နိုင်မှာ ဖြစ်တာကြောင့် အမေရိကန် ပြည်ထာင်စုကနေ SNC ကို ဖိအားပေးနေပါတယ်။

အခုလို သဘောတူညီချက် ရရှိရေး အတွက် ထောက်ခံသူတွေ ကလည်း SNC ကို အလားတူ ဖိအား ပေးနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။