BBC navigation

မာလီကို အာဖရိက တပ်တွေ လွှတ်မယ်

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 02:19 GMT
mali

မာလီကို တပ်လွှတ်ဖို့ အာဖရိက သဘောတူ

မာလီ နိုင်ငံ မြောက်ပိုင်း အစ္စလာမ် သူပုန် တွေ အောက် က ပြန်သိမ်းပိုက်ရေး အတွက် တပ်တွေ စေလွှတ်ဖို့ အာဖရိက နိုင်ငံများ အဖွဲ့က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

တပ်သား ၃ ထောင်ကျော် လွှတ်မယ့် အစီအစဉ်ကို အာဖရိက ခေါင်းဆောင်တွေ ဒီတပတ် အစောပိုင်းက သဘောတူ ထောက်ခံခဲ့ကြ ပါတယ်။

နောက်ဆုံး အတည်ပြု နိုင်ဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ကို အခု တင်သွင်းတော့မှာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ဘူကီနာ ဖက်ဆို နိုင်ငံ တွေက တပ်သား အများဆုံး လွှတ်မယ်လို့ ခန့်မှန်း ရပါတယ်။

ဒါပေမဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာ အထောက်အပံ့ အတွက် ဒေသ ပြင်ဘက် နိုင်ငံ တွေဆီက အကူအညီ လိုအပ်နိုင်ပြီး လနဲ့ချီ ကြာနိုင်တဲ့ စစ်ဆင်ရေး မှာ သုံးဖို့ လေတပ် အကူအညီ တောင်းခံရတာမျိုးထိ ရှိနိုင်တယ်လို့ ဘီဘီစီ အနောက် အာဖရိက သတင်းထောက်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။