BBC navigation

အဘူကတာဒါကို ခံဝန်ချက်နဲ့ ပြန်လွှတ်ပေး

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 17:13 GMT
abu_qatada

အစွန်းရောက် ဘာသာရေး ဆရာ အဘူ ကာတာဒါ

အစွန်းရောက် မွတ်စလင် ဘာသာရေး ဆရာ အဘူ ကတာဒါဟာ သူ့ကို ဗြိတိန်ကနေ နေရင်း ဂျော်ဒန် နိုင်ငံကို တရား ရင်ဆိုင်ဖို့ အတွက် ပြန်မပို့ဖို့ အတွက် အယူခံဝင်ရာမှာ အောင်မြင်ခဲ့တဲ့ အတွက် ဒီနေ့မှာ တရက်ကို ၁၆ နာရီ အပြင်မထွက်ရ ခံဝန်ချက်နဲ့ လွှတ်ပေးလိုက်ရ ပါတယ်။

သူ့ကို ဂျော်ဒန်နိုင်ငံ အတွင်း ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ် ခဲ့မှုနဲ့ အလို ရှိနေတာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး အယူခံခွင့် ဆိုင်ရာ အထူးကော်မရှင်က အဘူ ကတာဒါကို ဂျော်ဒန်ကို ပြန်ပို့ရင် သူ့ကို နှိပ်စက် ညှင်းပန်း မှုတွေ လုပ်နိုင်လောက် တဲ့ အထောက်အထား တွေကို ရရှိထား လို့ အခုလို ခံဝန်ချက်နဲ့ လွှတ်လိုက် တယ်လို့ ဆိုပါတယ်။

ဂျော်ဒန် နိုင်ငံ ဘက်ကတော့ အဲဒီဆုံးဖြတ်ချက် အပေါ် ပြင်ဆင် ဖို့ ဗြိတိန်ဘက်က ပြန်လည် လျှောက်လဲမယ့် ကိစ္စကို ထောက်ခံ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။