BBC navigation

သီရိလင်္ကာ ပြည်တွင်းစစ် ကုလ တာဝန်မဲ့ဆို

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 01:53 GMT
sri_lanka

စစ်မက်ဒေသတွေ အစိုးရက ဝင်ခွင့်မပြု

၂၀၀၉ မေလက ပြီးဆုံးသွားတဲ့ သီရိလင်္ကာ ပြည်တွင်းစစ် ပြီးခါနီးမှာ ကုလသမဂ္ဂက အရပ်သားတွေကို ကာကွယ် ဖို့ ပျက်ကွက် ခဲ့တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ မူကြမ်း က ဆိုပါတယ်။

ဘီဘီစီက ရရှိတဲ့ အစီရင်ခံစာ မူကြမ်းမှာ ကုလသမဂ္ဂ အနေနဲ့ ဆိုးဆိုးဝါးဝါး တာဝန် ပျက်ကွက်ခဲ့တယ်၊ ဒါမျိုး နောင် ထပ်မဖြစ်သင့်ဘူးဆိုတဲ့ စကားလုံးတွေ ပါဝင်ကြောင်း ဘီဘီစီ နိုင်ငံတကာ ရေးရာ သတင်းထောက်ချုပ် Lyse Doucet က ပြောပါတယ်။

ဆယ်စုနှစ် ၃ စုနီးပါး ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ စစ်မီး နောက်ဆုံး အချိန် ၅ လ အတွင်း အရပ်သား ၄ သောင်းလောက် သေဆုံးတယ်လို့ ခန့်မှန်းပြီး သောင်းနဲ့ချီ ပျောက်ဆုံး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကမ္ဘာမှာ အဆိုးဝါးဆုံး ရက်စက် ကြမ်းကြုတ်မှု တစ်ခု ဖြစ်ပါတယ်။

အခု အစီရင်ခံစာ မူကြမ်းမှာ ပြင်းပြင်းထန်ထန် ထောက်ပြ တာက အဲဒီတုန်းက ကိုလံဘို မှာ ရှိတဲ့ ကုလ အဆင့်မြင့် ဝန်ထမ်းတွေက အရပ်သားတွေ အသတ်ခံရတာ ကာကွယ်ဖို့ သူတို့ တာဝန်လို့ မမြင်သလို ရုံးချုပ်ကလည်း သူတို့ကို တာဝန် မပေးဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂက အဲဒီတုန်းက ထိခိုက်သေဆုံးတဲ့ စာရင်းတွေ သေသေချာချာ မထုတ်ပြန်ခဲ့လို့ ကမ္ဘာက ပဋိပက္ခ အတိမ်အနက်ကို မသိနိုင်ခဲ့ဘူးလို့ ဖော်ပြပါတယ်။

အခုတော့ စစ်ပွဲလည်း ပြီးသွားခဲ့ပြီ ဖြစ်သလို အစိုးရ တာ၀န်ရှိသူတွေနဲ့ တမီးကျား သူပုန်တွေလည်း စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံ ထားရပါတယ်။

ကုလသမဂ္ဂ အရာရှိ အသိုင်းအဝိုင်းက ဘီဘီစီကို အခု ထုတ်ပြောတာကတော့ အတွင်းရေးမှူးချုပ် က ဒီအစီရင်ခံစာကို ထုတ်ပြန်မှာ ဖြစ်သလို အရေးယူ သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။