BBC navigation

ဟားမက် စစ်ခေါင်းဆောင် ကျဆုံး

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 02:54 GMT
gaza

ကလေးငယ် တွေပါ ပစ်ခတ်ခံရ

ဟားမက် အဖွဲ့ စစ်ခေါင်းဆောင် အာမက် ဂျဘာရီ အစ္စရေး လေကြောင်း တိုက်ခိုက်မှုမှာ ကျဆုံး သွားပါတယ်။

ဂါဇာမှာ သူလိုက်ပါတဲ့ ကားကို ပစ်ခတ် လုပ်ကြံခံရတာ ဖြစ်ပြီး အဆင့်မြင့်ဆုံး သတ်ဖြတ် ခံရတဲ့ ဟားမက် ခေါင်းဆောင် ဖြစ်ပါတယ်။

အရပ်သား ၁ဝ ယောက် အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အတွက် ပါလက်စတိုင်း ဘက်က အစ္စရေး နယ်ထဲ ပစ်ခတ် တုံ့ပြန် ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ကတော့ ဟားမက် ပစ်မှတ်တွေကို ဆက်တိုက်မယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း တွေကို အစ္စရေးက သတ်ဖြတ် နေတာကို သည်းခံမှာ မဟုတ်ဘူးလို့ အီဂျစ် က အစ္စရေး သံအမတ် ကို သတိပေးခဲ့ သလို ဟားမက် အကြမ်းဖက်မှု တွေ အတွက် အစ္စရေးရဲ့ ခုခံခွင့်ကို ထောက်ခံတယ်လို့ အမေရိကန်က ဆိုပါတယ်။

လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး လုပ်နေသလို အာရပ် အဖွဲ့ချုပ် ကလဲ စနေနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။