BBC navigation

ရုရှားရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ဥပဒေ ပြောင်းလဲ

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 18:29 GMT
President of Russia, Mr Putin

ရုရှား သမ္မတ ဗလာဒီမီယာပူတင်

ပိုမို ကျယ်ပြန်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုတွေ ပေးနိုင်တဲ့ ရုရှား နိုင်ငံရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ဆိုင်ရာ ဥပဒေကို ရုရှား ဗလာဒီမီယာ ပူတင်က လက်မှတ် ရေးထိုးလိုက် ပါတယ်။

ထောက်လှမ်းရေး အရာရှိတွေ သာမက ရုရှ နိုင်သား ဘယ်သူ မဆို ရုရှား နိုင်ငံရဲ့ လုံခြုံရေးကို ထိပါး စေနိုင်မယ့် လျှို့ဝှက်ချက် တွေကို ရယူမယ်၊ ဒါမှ မဟုတ် တခြား နိုင်ငံတကာ အဖွဲ့ အစည်း တွေကို နိုင်ငံရဲ့ လုံခြုံရေးကို ထိပါး စေနိုင်မယ့် ဘယ်လို အကူအညီ မျိုးကို မဆို ပေးမယ် ဆိုရင် နိုင်ငံကို သစ္စာ ဖောက်တဲ့ ပြစ်မှု ဖြစ် ပါတယ်။

လူ့အခွင့် အရေး လှုပ်ရှားသူတွေ ကတော့ အခု ဥပဒေဟာ ရုရှား နိုင်ငံသားတွေကို အနောက်နိုင်ငံ တွေက အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်မှု မလုပ်အောင် ခြိမ်းခြောက်ဖို့ ရည်ရွယ်တာလို့ ပြောကြ ပါတယ်။

နိုင်ငံကို သစ္စာဖောက်မှုနဲ့ ပြစ်မှု ထင်ရှား ရှိသူဟာ အမြင့်ဆုံး ပြစ်ဒဏ် အနှစ် ၂၀ အထိ ချခံ ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။