BBC navigation

ကျောက်မဲနားမှာ လက်နက်ကြီးနဲ့ပစ်

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 02:19 GMT
rice

လယ်တောတွေ၊ ခြံတွေ သွားဖို့လဲ ကြောက်ရွံ့

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မှာ လက်နက်ကြီးတွေ ကျရောက်လို့ အိမ် ၆ အိမ် ထိခိုက် ပျက်စီးပြီး ဒေသခံ ၁ ဦး အပြင်းအထန် ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် ၃ နာရီလောက်မှာ မြို့အရှေ့ပိုင်းကို လက်နက်တွေ ကျခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း တယောက် ဒဏ်ရာ ရသွားပါတယ်။

လက်နက်ကြီးတွေ ကျည်ဆံတွေက မြို့အရှေ့ဘက် အထွေထွေအုပ်ရုံး ကုန်းက လာတာဖြစ်တယ်။ အဲဒီနားမှာ ရဲစခန်းလည်းရှိတယ်။

မိုင်းငေါ့မှာ အခုလို လက်နက်ကြီးတွေ ကျတာ ဒုတိယ အကြိမ် ဖြစ်ပြီး ဘယ်သူပစ်တယ် မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်နက်ကြီးတွေ မကြာခဏ ကျလာလို့ ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေပြီး လယ်တောတွေ၊ ခြံတွေ သွားဖို့လဲ ကြောက်ရွံ့ နေကြပါတယ်။

အစိုးရတပ်ကလည်း အင်အား ၄ဝဝ နဲ့ မြို့ထဲ နေရာယူသွားလာနေကြလို့ ဒေသခံတွေ စိတ်ပူ နေရပါတယ် ။

မိုင်းငေါ့ဟာ တပ်တွေ အခြေစိုက်ရာ မဟုတ်ပေမယ့် အဲဒိတဝိုက်မှာ အစိုးရတပ်နဲ့ ရှမ်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေကြတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။