BBC navigation

ဂါဇာကို အတိုက်ရပ်ဖို့ အီဂျစ်ဝန်ကြီးချုပ် အစ္စရေးကိုပြော

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 15:12 GMT
hisham_qandil

ဂါဇာကို ရောက်နေတဲ့ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ် ကန်ဒီးလ်

အီဂျစ် ဝန်ကြီးချုပ် ဟီရှမ် ကန်ဒီးလ်က အစ္စရေး ဘက်က ဂါဇာကို ပစ်ခတ် တိုက်ခိုက် နေတာ တွေကို ရပ်တန့်ဖို့ ပြောလိုက်ပါတယ်။

အီဂျစ် ဝန်ကြီးချုပ်ဟာ ဂါဇာက ပါလက်စတိုင်း ပြည်သူတွေနဲ့ တစည်းတလုံးထဲ ရှိနေတာကို ပြသတဲ့ အနေနဲ့ အဲဒီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

အီဂျစ် ဝန်ကြီးချုပ်က အဲဒီမှာ ဘေးအန္တရာယ် တွေကျရောက် နေတာကို မြင်တွေ့ နေရတဲ့ အတွက် သူ့အနေနဲ့ မပြောဘဲ မနေနိုင်တဲ့ အကြောင်း ပြောပါတယ်။ ဆက်လက်ပြီး အခုလို ရန်လို တိုက်ခိုက် နေမှု တွေနဲ့ ပတ်သက်လို့ တကမ္ဘာလုံးမှာ တာဝန်ရှိ နေတဲ့ အကြောင်း လည်းပြောလိုက်ပါတယ်။

မစ္စတာကန်ဒီးလ် ရောက်ရှိ နေစဉ် အတွင်းမှာ အစ္စရေးက ၃ နာရီကြာ အပစ်အခတ် ရပ်စဲ ထားဖို့ သူတို့ဘက်က သဘောတူ ခဲ့ပေမယ့်လည်း ပါလက်စတိုင်း စစ်သွေးကြွတွေက အဲဒီဘက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက် နေခဲ့တယ်လို့ ပြောပါတယ်။

ညပိုင်းကလည်း အစ္စရေး တိုက်လေယာဉ် တွေက တိုက်ခိုက် ခဲ့တဲ့ အတွက် ဂါဇာ မြို့တော် အတွင်းက ပြည်ထဲရေး ဝန်ကြီးရုံးကို ထိမှန်ခဲ့ပြီး အကြီးအကျယ် ပျက်စီး သွားခဲ့ ရပါတယ်။

တခါ တူးနီးရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း စနေနေ့မှာ ဂါဇာကို လာရောက်မှာ ဖြစ်တယ်လို့ ကြေငြာ လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ဟာ့မတ်ဇ် အဖွဲ့က စစ်ဘက်ဆိုင်ရာ အကြီးအကဲ ကို အစ္စရေး ဘက်က လုပ်ကြံ သတ်ဖြတ် ခဲ့တဲ့ နောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေမှာတော့ ပါလက်စတိုင်း ၁၉ ဦးနဲ့ အစ္စရေး ၃ ဦးထက်မနည်း သေဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။