BBC navigation

ဂါဇာကို မြေပြင် ထိုးစစ် ပြင်နေသလား

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 01:25 GMT
gaza

အစ္စရေး ဘက်က စစ်ပြင်ဆင်မှု တွေရှိ

ဂါဇာက ဟားမတ်စ် စစ်သွေးကြွ တွေအပေါ် အစ္စရေး လေကြောင်းက ဆက်လက် တိုက်ခိုက် နေချိန်မှာပဲ အရံတပ် သား ခုနစ် သောင်းခွဲ ထိ ဆင့်ခေါ်ဖို့ အစ္စရေး အစိုးရက ခွင့်ပြု လိုက်ပါပြီ။

ဒီလို ဆင့်ခေါ် လိုက်တဲ့ အတွက် အစ္စရေးက ဂါဇာကို မြေပြင် က စစ်ဆင် သိမ်းပိုက်ဖို့ ပြင်နေတယ် ဆိုတဲ့ ထင်ကြေးတွေ ပိုများ လာပါတယ်။

အစ္စရေး ကျူးကျော် ရန်စတာကို စုစည်း တွန်းလှန်ကြ ဖို့ ပါလက်စတိုင်း နယ်မြေ သမ္မတ မာမွတ် အာဘတ်စ်က ပြောပါတယ်။

ဒီလို စစ်ပြုလာတာဟာ ဒီလကုန်မှာ ပါလက်စတိုင်းကို ကုလ သမဂ္ဂ စောင့်ကြည့်မှုရ နိုင်ငံ အဆင့် မရောက်ဖို့ ကြံစည် နေတာလို့ သူက ဆိုပါတယ်။

သောကြာ နေ့ စောစော ပိုင်းက ပါလက်စတိုင်းက ဂျေရုဆလမ် ကို ဒုံးကျည်နဲ့ ပထမဆုံး လှမ်းပစ်တာ ခံရပြီး တဲလ်အဗီး မြို့တော် ကိုလဲ ပစ်ခတ် ခဲ့ပါတယ်။

အခုရက်ပိုင်း အတွင်း ဂါဇာ ကနေ ရော့ကက် ဒုံးကျည် ၅၅ဝ လောက် ပစ်ခတ်လာလို့ ရော့ ကက် ၁၈ဝ ကျော် ကို ကြားက ဖျက် ချပစ် နိုင်လိုက်တယ်လို့ အစ္စရေး ကြေညာပါတယ်။

ဟားမတ်စ် တို့ရဲ့ ရော့ကက် ဒုံးကျည် တွေ က မိုင် ၅ဝ လောက် ရောက်တဲ့အထိ စွမ်းအားမြင့် လာပါတယ်။

ဂါဇာ နားက လမ်းမကြီး တွေကို အစ္စရေးက ပိတ်ထားလိုက်ပြီး တားမြစ် ထားတဲ့ စစ်နယ်မြေ အဖြစ် ကြေညာ ထားပါတယ်။

နှစ်ဘက် စစ်ရှိန်တွေ တက်မလာဖို့ ကုလ သမဂ္ဂ အတွင်းဝန်ချုပ် ဘန်ကီမွန်က တောင်းဆိုခဲ့ပြီး နောက်အပတ်မှာ အီဂျစ်၊ အစ္စရေး၊ ပါလက်စတိုင်းကို သူသွားဖို့ ရှိပါတယ်။

ဗုဒ္ဓဟူး နေ့မှာ ပဋိပက္ခ အရှိန် စတက် လာကထဲက အစ္စရေး လူမျိုး ၃ ယောက်နဲ့ ပါလက်စတိုင်း လူမျိုး ၂၇ ယောက် အနည်းဆုံး အသက် ဆုံးရှုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။