BBC navigation

CIA က ပက်ထရေးရပ်စ် ကိစ္စ စုံစမ်းမယ်

နောက်ဆုံး ရေးသားချိန် 16 နိုဝင်ဘာလ 2012 - 16:32 GMT
_patraeus_

CIA အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်

အမေရိကန် ပြည်ထောင်စု မှာတော့ ဗဟို ထောက်လှမ်းရေး ဌာန CIA က သူ့ရဲ့ အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ် အိမ်ထောင်ရေး ဖောက်ပြန် မှုနဲ့ ရာထူးက နုတ်ထွက် ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက် လို့ စုံစမ်း စစ်ဆေး မှုတွေစတင် လိုက်ပါတယ်။

အရင်က အမေရိကန် မှာ ဩဇာအာဏာ အကြီးမားဆုံး စစ်ခေါင်းဆောင် တဦး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပက်ထရေးရပ်စ်ဟာ သူ့ရဲ့ကိုယ်ရေး အထုပ္ပတ္တိကို ရေးသားသူ ပေါ်လာဘရော့ဝဲလ်နဲ့ ဖောက်ပြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ပြည်ထောင်စု ထောက်လှမ်းရေး ဌာန FBI က ပေါ်လာဘရော့ဝဲလ်ဟာ အရေးကြီးတဲ့ အချက်အလက် တွေကို သိရှိ ထားတယ် ဆိုပြီး သူမအိမ်က ကွန်ပြူတာ တွေကို သိမ်းယူ သွားခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကတော့ သူမကို ဒီလို အရေးကြီးတဲ့ အချက်အလက် တွေ ဘယ်တုန်းကမှ ပေးမသိခဲ့ဘူးလို့ ငြင်းဆို ထားပါတယ်။

သောကြာနေ့မှာတော့ ဗိုလ်ချုပ်ကြီး ပက်ထရေးယယ်စ်ဟာ လစ်ဗျား နိုင်ငံက ဘင်္ဂါဇီ မြို့မှာ ဖြစ်ခဲ့တဲ့ အမေရိကန် သံရုံး အတိုက်ခိုက် ခံရမှုနဲ့ ပတ်သက်လို့ ကွန်ဂရက် လွှတ်တော်ရဲ့ စုံစမ်း ထောက်လှမ်းရေး ဆိုင်ရာ ကော်မတီရဲ့ စုံစမ်း မေးမြန်းမှုတွေကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။