BBC navigation

အီဂျစ်မှာ ရထားနဲ့ကား တိုက်လို့ လူ ၅၀ သေဆုံး

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 16:05 GMT
Egypt train_bus crash

သေဆုံးသူ အများစုဟာ ကျောင်းသားငယ် လေးတွေ ဖြစ်ကြပြီး၊ တခြား ၁၇ ဦး ဒဏ်ရာ ရရှိ

အီဂျစ်နိုင်ငံ အလယ်ပိုင်း အက်စ်ဆူရက် ပြည်နယ်က မီးရထား လမ်းနဲ့ ကားလမ်း ဖြတ်တဲ့ နေရာ တခုမှာ ဘတ်စ်ကား တစီးကို ရထား တိုက်မိ တဲ့ အတွက် လူ ၅၀ သေဆုံးသွား တယ်လို့ အီဂျစ် အရာရှိတွေက ပြောပါတယ်။

သေဆုံးသွားသူထဲက အနည်းဆုံး ၄၇ ဦးဟာ ကျောင်းသား ငယ်လေးတွေ ဖြစ်ကြပြီး၊ တခြား ၁၇ ဦး ကတော့ ဒဏ်ရာ ရရှိသွားကြ ပါတယ်။

ရထားလာရင် ကားလမ်းကို ပိတ်ရတဲ့ မောင်းတံဟာ ရထားလာတဲ့ အချိန်မှာ ပွင့်နေ ခဲ့တယ် လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီဂိတ်ကို စောင့်ပြီး ပိတ်ရတဲ့ တာဝန်ရှိသူဟာ ရထား အရှိန်နဲ့ လာနေချိန်မှာ အိပ်ပျော် နေတာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအတွက် သူ့ကို ဖမ်းဆီး လိုက်ပြီလို့ ဆိုပါတယ်။

မျက်မြင် တွေ့ရှိသူ တဦး ပြောတာ ကတော့ ဘတ်စ်ကားဟာ ရထားလမ်းပေါ်မှာ ၁ ကီလိုမီတာ လောက် အထိ ရောက်ရှိ သွားတယ်လို့ ဆိုပါတယ်။

အခုလို ဖြစ်ရပ် အတွက် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးနဲ့ အီဂျစ် နိုင်ငံ မီးရထား ပို့ဆောင်ရေး အရာရှိချုပ်တို့ ရာထူးက နှုတ်ထွက် သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။