BBC navigation

ဟားမတ်စ် အစိုးရရုံးတွေကို အစ္စရေး တိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 17 နိုဝင်ဘာလ 2012 - 15:54 GMT

အစ္စရေး ပြည်သူတွေကို ပါလက်စတိုင်း တို့ရဲ့ ရောကက် အန္တရာယ် ကနေ ကာကွယ်ဖို့ တိုက်တာလို့ ပြော

အစ္စရေး ဘက်ကနေ ဂါဇာကို လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ပြုလုပ် နေရာ၊ ၄ ရက် မြောက်နေ့ မှာတော့၊ ဂါဇာက ဟားမတ်စ် ဝန်ကြီးချုပ် ရုံးနဲ့ အစိုးရုံး နေရာတွေကို ပစ်မှတ် ထားပြီး လေကြောင်း ကနေ တိုက်ခိုက်ခဲ့ ပါတယ်။

အခုလို တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း တို့ရဲ့ မြေအောက် ရောကက် စခန်း နေရာတွေ ဆိုးဆိုး ဝါးဝါး ထိခိုက် ပျက်ဆီး ကုန်တယ်လို့ အစ္စရေး ဘက်က ပြောပါ တယ်။

ဂါဇာမှာ နောက်ထပ် တိုက်ခိုက် စရာ ပစ်မှတ်ပေါင်း ရာနဲ့ချီပြီး ကျန်နေသေးတယ် လို့လည်း အစ္စရေးက ပြောပါတယ်။

ဂါဇာကို အလည် အပတ် ရောက်ရှိ နေတဲ့ တူနီးရှား နိုင်ငံခြားရေး ဝန်ကြီးက သူ့ အဆို အစ္စရေး တို့ရဲ့ ကျူးကျော် ရန်စမှု အဆုံးသတ် ရေး အတွက် ဝိုင်းဝန်း ဆောင်ရွက် ကြဖို့ အာရပ် နိုင်ငံ ခေါင်းဆောင်တွေကို တောင်းဆို လိုက်ပါတယ်။

အစ္စရေးတို့ရဲ့ ဂါဇာ အပေါ် လုပ်ဆောင်မှုတွေဟာ လက်ခံနိုင် စရာ မရှိပဲ၊ အစ္စရေးတို့ဟာ အင်အားသုံး ဖြေရှင်းတာတွေ မလုပ်သင့် ဘူး လိုလည်း သူက ပြောကြား ပါတယ်။

အစ္စရေး စစ်တပ် ပြောခွင့်ရသူက ဘီဘီစီကို ပြောရာ မှာတော့ အစ္စရေး ပြည်သူတွေကို ပါလက်စတိုင်း တို့ရဲ့ ရောကက် အန္တရာယ် ကနေ ကာကွယ်ဖို့နဲ့ ရောကက် တွေနဲ့ ပစ်နေတဲ့ စစ်သွေးကြွ အုပ်စုတွေ အင်းအား လျော့နည်း သွားစေဖို့ အတွက် အခုလို ပြန်တိုက် ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။