BBC navigation

ပါလက်စတိုင်း အစ္စရေး အပစ်ရပ်ရေး

နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 00:46 GMT

အီဂျစ် သမ္မတ မိုဟာမက် မူဆီ

အစ္စရေးနဲ့ ပါလက်စတိုင်း ကြား မကြာခင် အပစ်အခတ် ရပ်စဲမယ့် အရိပ် လက္ခဏာ တချို့ တွေ့ရတယ်လို့ အီဂျစ် သမ္မတ မိုဟာမက် မူဆီက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စ ဖြစ်လာဖို့ အခိုင်အမာ အာမခံချက်တွေ မရသေးဘူးလို့လည်း ဆိုပါတယ်။

တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရက်ပ် အာဒိုဂမ်နဲ့ ဂါဇာ အရေးကို ကိုင်ရိုမြို့မှာ ဆွေးနွေးခဲ့ပြီးနောက် အခုလို သူက ပြောလိုက်တာ ဖြစ်ပါတယ်။

အစ္စရေး ဖက်ကတော့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့ သူတို့ အရာရှိတွေ အီဂျစ်ကို စေလွှတ်ထားတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ ပါတယ်။

ကိုင်ရိုမြို့မှာ အစည်းအဝေး ကျင်းပနေတဲ့ အာရပ် အဖွဲ့ချုပ်ကလည်း အခုလို အစ္စရေးနဲ့ ပါလက်စတိုင်းကြား အီဂျစ်က ကြား၀င် ညှိနှိုင်းပေးနေတာကို ထောက်ခံ ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။