BBC navigation

အစ္စရေး ပါလက်စတိုင်း အပစ်အခတ် ဆိုးရွားဆဲ

နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 17:45 GMT
gaza

လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၉ ယောက် သေဆုံး

ဂါဇာက ဟားမတ်စ် အရာရှိ အိမ်ပေါ် အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် မိသားစု တစုထဲက အနည်းဆုံး လူ ၉ ယောက် သေဆုံးသွား ပါတယ်။

ဂါဇာကို အစ္စရေး လေကြောင်းက ငါးရက်မြောက် ဆက်ပြီး ဗုံးကြဲ နေတဲ့အတွက် ရှီဖာ ဆေးရုံက ဆရာဝန်တွေ လူနာတွေကို အသက်လု ကယ်တင် နေရပါတယ် ။

ဂါဇာမှာ သေဆုံးသူ ၆၇ ယောက် ရှိပြီလို့ ဟားမတ်စ် ဘက်က ပြောပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွ တွေကလဲ အစ္စရေး ဘက်ကို ဆက်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ် နေပါတယ်။

အစ္စရေး ဒုံးခွင်း စနစ်နဲ့ တဲလ်အဗီးမှာ ဒုံးကျည် နှစ်စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့ အစ္စရေး စစ်ဘက်က ဆိုပါတယ်။

အစ္စရေး နယ်မြေထဲ ဒုံးကျည်နဲ့ ဆက်ပြီး တိုက်ခိုက်နေတဲ့ ဟားမတ်စ် တွေကို တိုးမြှင့်နှိမ်နင်း ဖို့ ပြင်ဆင် ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြား ပါတယ်။

အစ္စရေး ပါလက်စတိုင်း စစ်ပြင်ဆင် နေမှုတွေကို ဖြေရှင်းဖို့ သံတမန်ရေး ကြိုးပမ်းဖို့ အတွက် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန်း ဖေးဘီးယပ်စ် အစ္စရေး ရောက် နေပါတယ်။

နှစ်ဘက်စလုံး အမြန် အပစ်အခတ် ရပ်စဲရေး ကြေညာ ကြဖို့ သူတောင်းဆိုမယ်လို့ မစ္စတာ ဖေးဘီးယပ်စ် က ဆိုပါတယ်။

ကိုင်ရိုမှာ တော့ အစ္စရေး ပါလက်စတိုင်း အပစ်ရပ်စဲဖို့ ညှိနှိုင်း ဆွေးနွေး နေကြပါတယ်။

ကိုင်ရိုကို ရောက်လာတဲ့ အစ္စရေး ကိုယ်စားလှယ် အဖွဲ့ဟာ ခရီး ရောက်မဆိုက် မှာပဲ အီဂျစ် အာဏာပိုင် တွေနဲ့ စတင် ဆွေးနွေး နေပါပြီ။

စနေနေ့က ဟားမတ်စ် အရာရှိတွေ၊ တူရကီ ဝန်ကြီးချုပ်နဲ့ ကာတာ စော်ဘွား တို့ အီဂျစ် မှာ ဆွေးနွေး ခဲ့ကြပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Avigdor Lieberman ကတော့ အပစ်ရပ်စဲရေး အတွက် ဂါဇာ ဘက်က ဒုံးကျည်နဲ့ ပစ်ခတ် နေတာတွေ အရင်ဆုံး ရပ်မှ ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။