BBC navigation

မြန်မာ အစိုးရကို အိုဘားမား တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 18 နိုဝင်ဘာလ 2012 - 16:25 GMT
obama

ဒုတိယ သက်တမ်းမှာ အရင်ဆုံး ထိုင်းကို ရောက်လာ

မြန်မာ စစ်ခေါင်းဆောင်ဟောင်း တွေ အနေနဲ့ အမေရိကန် အထောက်အပံ့ ရဖို့ လိုလားတယ် ဆိုရင် ဒီမိုကရေစီ ပြုပြင်ရေး တွေ ဆက်ပြီး လုပ်ရမယ်လို့ သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

မြန်မာ အစိုးရကို အားပေး ထောက်ခံ နေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တနှစ်ခွဲ ၂ နှစ် လောက်က ဘယ်သူမှ ကြိုတင် မမှန်းဆ နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက် နေတာကို အသိအမှတ် ပြုတာပါ လို့ အိုဘားမားက ဆိုပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံး သွားမယ့် အမေရိကန် သမ္မတ ခရီး မတိုင်ခင်မှာ ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဟာ လမ်းကောင်းပေါ် ရောက်နေပြီ ဆိုတာ ကို အသိအမှတ် ပြုတာ ဖြစ်ကြောင်းလဲ မစ္စတာ အိုဘားမားက ပြောကြား ပါတယ်။

ဒီရာစုနှစ် အတွက် အမေရိကန် လုံခြုံရေးကို ပုံဖော်မယ့် ဒေသတွင်း ခရီးစဉ် အစ ထိုင်းနိုင်ငံမှာ ပြောကြား ခဲ့တာပါ။

သမ္မတ အိုဘားမား ဒုတိယ သက်တမ်း ပြန် အရွေးခံရပြီးနောက် ပထမဆုံး နိုင်ငံခြား ခရီး အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လက်ရုံး မဟာမိတ် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး တွေ ပြန်ပြီး တိုးမြှင့် တဲ့ အနေနဲ့ ထိုင်းဘုရင် ဘူမိဖုံး အဒွန်ညာဒက်၊ ဝန်ကြီးချုပ် ရင်လပ် ချင်နာဝတ် တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

တနင်္လာ နေ့မှာတော့ မြန်မာ နိုင်ငံ ပြောင်းလဲရေး ခြေလှမ်း တွေကို အားပေးဖို့ မစ္စတာ အိုဘားမား ရန်ကုန် သွားမှာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံပေါ် ဒဏ်ခတ် ပိတ်ဆို့ ထားမှု တွေကို အနောက်နိုင်ငံ တွေက ဖယ်ရှားပေးခဲ့ပြီ ဖြစ်ပေမယ့် လူမျိုးစု ပြဿနာ တွေလို မဖြေရှင်း ရသေးတဲ့ ကိစ္စတွေ အတွက် ပူပန်မိကြောင်း အိုဘားမားရဲ့ လက်ထောက် အရာရှိတွေက ပြောပါတယ်။

ဒိနောက် ကမ္ဗောဒီးယား နိုင်ငံမှာ ကျင်းပတဲ့ အာစီယံ ထိပ်သီး ဆွေးနွေးပွဲကို မစ္စတာ အိုဘားမား တက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။