BBC navigation

ဂါဇာမှာ အပစ်ရပ်ဖို့ အစ္စရေးသံ ကိုင်ရိုရောက်

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 01:44 GMT
gaza

အစ္စရေး ဘက် တိုက်ခိုက်ခံ နေရတဲ့ ဂါဇာ တနေရာ

အစ္စရေးနဲ့ ပါလက်စတိုင်း တွေအကြားမှာ ဖြစ်ပွား နေတဲ့ တိုက်ခိုက် မှုတွေ အရှိန် တက်လာ နေချိန်မှာပဲ ဒါကို ရပ်ဆဲ နိုင်ရေး အတွက် ဆွေးနွေးဖို့ အစ္စရေး သံတမန် ဟာ ကိုင်ရိုမြို့ကို ရောက်ရှိ နေပါတယ်။

သူနဲ့ အီဂျစ် အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ခဲ့ပေမယ့် အဲဒါနဲ့ ပတ်သက်လို့ ဘာမှ ကြေညာ ပြောကြားခြင်း မရှိပါဘူး။

ဟာမတ်စ် အဖွဲ့ဘက်ကတော့ အခု တွေ့ဆုံ ဆွေးနွေးခဲ့မှု တွေက အပစ်ရပ်ရေး ဆွေးနွေးတဲ့ အခါမှာ ပါဝင်မယ့် အချက်အလက် တွေနဲ့ ပတ်သက်လို့သာ ဆွေးနွေးခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းဟာလည်း တနင်္လာနေ့မှာ ကိုင်ရိုမြို့ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဘေရွတ်မြို့ အခြေစိုက် ဟာမတ်စ် အဖွဲ့ရဲ့ နိုင်ငံတကာ ဆက်ဆံရေး အကြီးအကဲ အူစာမာ ဟမ်ဒန်က ပါလက်စတိုင်းတွေကို ပစ်ခတ် တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ လိုနေတယ်ပြီ လို့ ပြောပါတယ်။

သူက ပြောကြားရာမှာ အဓိက အချက်ကတော့ ဟာမတ်စ် အနေနဲ့ တိကျ တဲ့ အာမခံချက်တွေ လိုတဲ့အကြောင်း၊ အစ္စရေးဘက်က လာပြီး တိုက်ခိုက်နေတာ တွေကို ငြိမ်ပြီး ခံနေဖို့ လာပြောနေတာမျိုး တွေကို မလိုချင် တဲ့ အကြောင်း ပြောသွား ခဲ့ပါတယ်။

အခုလို ဂါဇာကမ်းမြှောင် အတွင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်နေမှု တွေကြောင့် အဲဒီ ဒေသအတွင်းက မိသားစု တွေမှာ သောက်သုံးရေနဲ့ စားနပ် ရိက္ခာတွေ ပြတ်တောက် စပြုနေပြီ ဖြစ်တယ်လို့ ဗြိတိသျှ ပရဟိတ အဖွဲ့ Save the Children က ပြောပါတယ်။

အဲဒီမှာ လျှပ်စစ်ဓာတ်အားကလည်း တနေ့ကို ၁၈ နာရီလောက် ပြတ်တောက် နေပြီး မိသားစု တွေထဲက အတော်များများဟာ သူတို့ရဲ့ နေအိမ်တွေ အတွင်းမှာပဲ ပိတ်မိ နေကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအခြေအနေတွေဟာ ဂါဇာ အတွင်းက လူဦးရေရဲ့ ထက်ဝက် နီးပါးလောက် ရှိတဲ့ ကလေး တွေအတွက် တော်တော်ကို အန္တရာယ် ကြီးမား တယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။