BBC navigation

အစ္စရေး ဘက်က ပစ်လို့ ဂါဇာမှာ ၁၁ ဦးသေ

နောက်ဆုံး ရေးသားချိန် 19 နိုဝင်ဘာလ 2012 - 01:28 GMT
_gaza_

မိသားစုဝင် ၁၁ ဦး သေဆုံးခဲ့ရတဲ့ နေအိမ်

ဂါဇာကမ်းမြှောင် ဒေသထဲက ဟာမာတ်စ် အဖွဲ့က အရာရှိ တဦးရဲ့ အိမ်ကို အစ္စရေး ဘက်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် အဲဒီ အိမ်ထဲမှာ ရှိနေတဲ့ မိသားစု တခုထဲက ၁၁ ဦး သေဆုံး ခဲ့ရပါတယ်။

ဒါဟာ ဒီလို တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ သတင်းပတ် ဗုဒ္ဓဟူး နေ့က စပြီး သွေးထွက် သံယိုမှု အများဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၃ ထပ် အိမ်ကို အစ္စရေးရဲ့ ဒုံးကျည် တွေထိမှန် ခဲ့လို့ ပြားပြားဝပ် သွားခဲ့ရပြီး သေဆုံးခဲ့ရ သူတွေထဲမှာ ကလေးသူငယ် တချို့လည်း ပါဝင်ပါတယ်။ ဟာမတ်စ် အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကတော့ အဲဒီမိသားစု အသက်ဆုံးရှုံး ခဲ့ရတာကို လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွ တွေဘက်ကတော့ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက် နေဆဲဖြစ်ပါတယ်။ အစ္စရေး ဘက်က ဒုံးကျည် ကာကွယ်ရေး စနစ်နဲ့ တဲလ်အဗစ် မြို့ကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်ဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။