BBC navigation

အမေရိကားနဲ့ ဥရောပ ရှယ်ယာတွေ စျေးတက်

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 00:45 GMT

ဥရောပနဲ့ အမေရိကန် အစုရှယ်ယာ စျေးတက်

ဂရိနဲ့ အမေရိကန် ပြည်ထောင်စုက စီးပွားရေး သတင်းတွေကြောင့် ဥရောပနဲ့ အမေရိကားက အစုရှယ်ယာစျေးတွေ သိသိသာသာ တက်လာခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် ခေါင်းဆောင်တွေ အငြင်းပွားနေတဲ့ ဘတ်ဂျတ် ပြဿနာ သဘောတူညီမှု ရတော့မယ် ဆိုတဲ့ အရိပ် လက္ခဏာတွေ ပေါ်ပေါက်လာသလို ဂရိကို နောက်ထပ် ဘဏ္ဍာရေး ကယ်ဆယ်မှု အကူအညီ ပေးဖို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေ သဘောတူညီချက် ရဖို့ နီးစပ် လာပြီ ဆိုတဲ့ သတင်းတွေက ရင်းနှီး မြုပ်နှံသူတွေကို အားတက် စေခဲ့တာ ဖြစ်ပါတယ်။

ဥရောပ စျေးကွက်မှာတော့ အစုရှယ်ယာ အများစု စျေးတွေဟာ ၂ ရာခိုင်နှုန်း ၃ ရာခိုင်နှုန်းထိ တက်ခဲ့တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။