BBC navigation

ဂါဇာကို တညလုံး အစ္စရေးဘက်က ပစ်ခတ်ခဲ့

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 14:17 GMT
gaza

အစ္စရေးဘက်က ပစ်ခတ်ခံနေရတဲ့ ဂါဇာ

အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက် နေခဲ့ပါတယ်။

အစ္စရေး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။

ပါလက်စတိုင်းတွေ ဘက်ကလည်း ဒုံးကျည် တွေနဲ့ ပြန်ပြီး ပစ်ခတ် နေကြဆဲ ဖြစ်ပါတယ်။

အဲဒီက ဆေးဝန်ထမ်း တွေကတော့ ပြီးခဲ့တဲ့ သတင်းပတ်က အစ္စရေးက ဂါဇာကို စပြီး ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အချိန်ကနေ အခုအထိ ပါလက်စတိုင်း လူမျိုး ၁၁၀ သေဆုံး ခဲ့ရပြီး ဖြစ်သလို ၈၀၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ သာမန် အားဖြင့် တည်ငြိမ်မှု ရှိနေတဲ့ အနောက်ဘက်ကမ်း ဒေသ တချို့ မှာလည်း ဂါဇာကို တိုက်ခိုက် နေတာကို ဆန့်ကျင့်တဲ့ ပါလက်စတိုင်း တွေရဲ့ ဆန္ဒပြပွဲ တွေမှာ အဓိကရုဏ်း တွေ ဖြစ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။