BBC navigation

အာရှဒေသတွင်း တင်းမာမှုတွေ လျှော့ဖို့ အိုဘားမားပြော

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 14:08 GMT
barack_obama

အာရှဒေသတွင်း စည်းဝေးပွဲတွေ တက်ရောက်နေတဲ့ သမ္မတ အိုဘားမား

ကမ္ဘောဒီးယား နိုင်ငံက ဖနွမ်ပင် မြို့တော်မှာ ကျင်းပ ပြုလုပ် နေတဲ့ အာဆီယံ ထိတ်သီး အစည်းအဝေးကို တက်ရောက် လာတဲ့ အမေရိကန် သမ္မတ အိုဘားမားက အာရှ နိုင်ငံတွေ အချင်းချင်း ရေပိုင်နက် အငြင်းပွား မှုကြောင့် ဖြစ်ပွား နေတဲ့ တင်းမာ မှုတွေကို လျှော့ချ ဖို့ အတွက် တိုက်တွန်း လိုက်ပါတယ်။

ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံကြီးတွေ အကြား အရှေ့ တရုတ်ပင်လယ် ထဲက ကျွန်းစု လေးတွေနဲ့ ပတ်သက်လို့ ဖြစ်နေတဲ့ တင်းမာ မှုတွေပိုများ လာဖို့ မသင့်ကြောင်းလဲ ဆိုပါတယ်။

တရုတ် နိုင်ငံပိုင် မီဒီယာ ကတော့ အမေရိကန် ပြည်ထောင်စုက ဒေသတွင်းမှာ ပိုပြီး လွှမ်းမိုးမှု ရှိလာအောင် ဒီကျွန်းတွေကို ပိုင်ဆိုင်မှု အတွက် အငြင်းပွား နေကြတာကို အသုံးချနေတာ ဖြစ်တယ်လို့ စွပ်စွဲ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။