BBC navigation

ဆီးရီးယား တူရကီကြား နေတိုး ဒုံးကျည်ထား

နောက်ဆုံး ရေးသားချိန် 22 နိုဝင်ဘာလ 2012 - 00:56 GMT

နေတိုး တပ်ဖွဲ့ အကြီးအကဲ Anders Fogh Rasmussen

ဆီးရီးယားနဲ့ သူတို့ နယ်စပ်နားမှာ ပေးထရော့ ဒုံးကျည်တွေ ချထားဖို့ တူရကီက ပန်ကြား ခဲ့တယ်လို့ နေတိုးက ဆိုပါတယ်။

အဲဒီလိုသာ ချထား လိုက်ရင် တူရကီ ပြည်သူနဲ့ သူတို့ နယ်မြေကို ကာကွယ်ဖို့ အကူအညီ ပေးရာ ရောက်ပြီး မဟာမိတ်တွေက မဆိုင်းမတွ ဒီကိစ္စကို ဆွေးနွေး ကြလိမ့်မယ်လို့ နေတိုး အကြီးအကဲ အန်ဒါးစ် ဖို့ဂ် ရာ့စ်မူဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ဆီးရီးယား ဘက်က ကျလာတဲ့ အမြှောက် ကျည်ဆန်တွေကြောင့် တူရကီ ရွာသား ငါးယောက် သေဆုံးခဲ့တဲ့ အပေါ် တူရကီက ထပ် တလဲလဲ ပြစ်တင်ခဲ့ ပါတယ်။

တူရကီဘက်လည်း ဆီးရီးယား ဘက်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ အမြောက်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။

ဂျာမဏီ ကတော့ ပါလီမန် ကနေ အတည်ပြုချက် ပေးမယ် ဆိုရင် မစ်ဇိုင်းဒုံးတွေနဲ့ တပ်ဖွဲ့တွေကို ပို့ပေး နိုင်တယ်လို့ ရည်ညွှန်း ပြောကြားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။