BBC navigation

ဂါဇာ နယ်စပ်မှာ ပစ်ခတ်မှုဖြစ်

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 15:42 GMT

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဂါဇာ - အစ္စရေး နယ်စပ်ခြံစည်းရိုး

ခန်ယူးနစ် မြို့အနီးမှာ အစ္စရေး စစ်တပ်ရဲ့ ပြစ်ခတ် မှုကြောင့် ပါလစ္စတိုင်းတဦးသေဆုံး ခဲ့တယ်လို့ ဂါဇာ ကမ်းမြှောင်ဘက်က သတင်း တွေရရှိပါတယ်။

တခြား ပါလစ္စတိုင်း ၁၀ ဦးလည်း ဒါဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်အကူး ခြံစည်းရိုးအနီး လူတအုပ်ချဉ်းကပ်လာတာကို ခြောက်လှန့်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။

ဒါပေမယ့် ဒီလူအုပ်ဟာ လယ်သမားတွေ ဖြစ်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဟားမက်စ်နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်ဖို့ သဘောတူညီပြီးတဲ့ နောက်ပိုင်း ဒီ သေဆုံးမှုဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။