BBC navigation

ဘက်စ်ခ် ခွဲထွက်ရေး သူပုန် လက်နက်ချမလား

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 01:44 GMT
eta

ဘက်စ်ခ် သူပုန်တွေ ဖမ်းဆီးခံရ

စပိန် ပြင်သစ် နယ်စပ်က ဘက်စ်ခ် ခွဲထွက်ရေး သူပုန်တပ် ဖျက်သိမ်းရေး စကားပြောဖို့ အသင့် ရှိတယ်လို့ ETA အဖွဲ့က ပြောကြား လိုက်ပါတယ်။

တပ်ဖျက်ဖို့၊ လက်နက် ချပြီး ဘက်စ်ခ် သူပုန်ဟောင်း အကျဉ်းသား တွေကို သူတို့ ဒေသနဲ့ နီးတဲ့ ထောင်တွေကို ရွှေ့ပေးဖို့ စပိန် ပြင်သစ် အစိုးရတွေနဲ့ ဆွေးနွေး ချင်တယ်လို့ ETA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက် ချပြီး တပ်မဖျက် သရွေ့ ETA အဖွဲ့နဲ့ မစေ့စပ် နိုင်ဘူးလို့ စပိန် အစိုးရ က အမြဲ ပြောလေ့ရှိ ပါတယ်။

လွတ်လပ်တဲ့ ဘက်စ်ခ် နိုင်ငံ ထူထောင်ဖို့ အနှစ် ၄ဝ ကြာ တိုက်ခိုက်မှု တွေကို အဆုံးသတ် လိုက်ပြီလို့ ETA အဖွဲ့ က မနှစ်က ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။